ယူရို-၂၀၂၀ ရှုံးထွက်အဆင့်ပွဲစဉ်များတွင်  ဝင်ဘလေကွင်းအတွင်း  ပရိသတ်(၄၅၀၀၀)ခန့် ကြည့်ခွင့်ရရှိမည်ဟု UEFA အား FA အသိပေး     

ယူရို-၂၀၂၀ ရှုံးထွက်အဆင့်ပွဲစဉ်များတွင်  ဝင်ဘလေကွင်းအတွင်း  ပရိသတ်(၄၅၀၀၀)ခန့် ကြည့်ခွင့်ရရှိမည်ဟု UEFA အား FA အသိပေး     
Photo: UEFA
Photo: UEFA
Published 31 March 2021

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)တာဝန်ရှိသူများသည် အင်္ဂလန် နိုင်ငံတွင်ပူးတွဲကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်များ၌ ကွင်းအတွင်းသို့ ပရိသတ် (၄၅၀၀၀) ခန့်လာရောက်စေရန် ဆန္ဒရှိနေပြီး ယင်းအရေအတွက်ကြည့်ရှုခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရ သည်။ 

    

FA တာဝန်ရှိသူများသည် ယင်းအကြောင်းအရာအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ထံသို့ အသိပေးထားပြီး အကယ်၍ ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးသည့် စီမံချက်အောင်မြင်ခဲ့ပါက ယင်းအရေအတွက်ထက် ပိုများသည့်ပမာဏကို ကွင်းအတွင်းဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။ 

Daily Mail သတင်းစာတွင် ဖော်ပြခဲ့သော သတင်းအရ FA တာဝန်ရှိသူများသည် ပရိ သတ် (၆၀၀၀၀)ခန့်အထိ ဝင်ဘလေကွင်းအတွင်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

    

ယခုအခါ UEFA တာဝန်ရှိသူများသည် ယူရို-၂၀၂၀ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဥရောပနိုင်ငံ (၁၂)နိုင်ငံမှ ကွင်းများအား ပရိသတ်မည်ရွေ့မည်မျှ ဝင်ခွင့်ပြုနိုင်မည်ဆိုသည်ကို စုံစမ်းမေးမြန်းလျက်ရှိနေပြီး ဧပြီလအစောပိုင်းတွင် နောက်ဆုံးအကြောင်းပြန်ရန် အသိပေးထားသည်။

Most Read

Most Recent