KBZ ဘဏ်၏ ATM စက်များတွင် တစ်နေ့လျှင် အများဆုံး ကျပ်နှစ်သိန်းသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်

KBZ ဘဏ်၏ ATM စက်များတွင် တစ်နေ့လျှင် အများဆုံး ကျပ်နှစ်သိန်းသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်
Published 30 March 2021

KBZ ဘဏ်၏ ATM စက်များတွင် တစ်နေ့လျှင် အများဆုံး ကျပ်နှစ်သိန်းသာ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း ယနေ့ (မတ် ၃၀ ရက်) တွင် KBZ ဘဏ်က ထုတ်ပြန်ခဲ့သည်။

KBZ ဘဏ်၏ မရှိမဖြစ်လိုအပ်သော ဘဏ်ဝန်ဆောင်မှုများအနေဖြင့်  ATM စက်များတွင် တစ်နေ့ကို အများဆုံး ၂ သိန်းကျပ် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း၊ ငွေအပ်နှံခြင်း ၊ KBZPay သို့ ငွေသွင်းခြင်း ၊ Cheque လက်မှတ် အပ်နှံခြင်းနှင့် Cheque clearing တို့ကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အချို့သော ဘဏ်ခွဲများတွင် ဘဏ်ဝန်ဆောင်မှုများအနေဖြင့် Mobile Banking/ KBZPay အကောင့်ဖွင့်ခြင်းနှင့် အခြားဘဏ်အကောင့်များဖွင့်ခြင်း၊ အကောင့်အချင်းချင်းငွေလွှဲခြင်း (အမေရိကန်ဒေါ်လာ – မြန်မာကျပ်ငွေ၊ မြန်မာကျပ်ငွေ – အမေရိကန်ဒေါ်လာ) ၊ အကောင့်အချင်းချင်း ငွေလွှဲခြင်း (မြန်မာကျပ်ငွေ)၊ Payment Order များ ထုတ်ပေးခြင်း ၊ATM ကဒ် ထုတ်ပေးခြင်း၊ ဗဟိုဘဏ်မှ သတ်မှတ်ချက်အတိုင်း ငွေသားထုတ်ယူခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး နှင့် ပြင်ဦးလွင်ရှိ ဘဏ်ခွဲများကို မတ် ၃၀ ရက်တွင် ဖွင့်လှစ်ထားပြီး ဖွင့်လှစ်သော ဘဏ်ခွဲစာရင်းမှာ နေ့အလိုက် ပြောင်းလဲမှုရှိနိုင်ပါသောကြောင့် အိမ်မှ မထွက်ခွာမီ အရင်ဆုံး ကြည့်ရှုစစ်ဆေးပေးစေလိုပြီး ဘဏ်ခွဲသို့ လာရောက်ရာတွင် ချမှတ်ထားသော ညမထွက်ရ အမိန့် ကိုလည်း သတိပြုလိုက်နာကြပါရန် အထူးတိုက်တွန်းလိုကြောင်း KBZ ဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်၏ မတ် ၁ရက် ထုတ်ပြန်ချက်အရ ပုဂ္ဂလိကဘဏ်များ၏ ATM စက်များမှ တစ်နေ့လျှင် အများဆုံး ကျပ်ငါးသိန်း ထုတ်ယူခွင့်ပေးရန် ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent