မန္တလေးစျေးချိုအား ဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း စျေးဆိုင်အများစု လာရောက် ဖွင့်လှစ်ခဲ့ခြင်း မရှိကြောင်းသိရ

မန္တလေးစျေးချိုအား ဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း စျေးဆိုင်အများစု လာရောက် ဖွင့်လှစ်ခဲ့ခြင်း မရှိကြောင်းသိရ
Published 21 March 2021

မန္တလေးမြို့၏ လက်ကားစျေးကြီး တစ်ခုဖြစ်သော မန္တလေး အဆင့်မြင့်စျေးချိုတော်ကို ယနေ့ (မတ် ၂၁ ရက်)  တွင် ပြန်လည်ဖွင့်လှစ်ရန် ကြေညာခဲ့သော်လည်း စျေးဆိုင်ခန်းပိုင်ရှင်အများစုမှ လာရောက် ဖွင့်လှစ်ကြခြင်း မရှိသေးကြောင်း သိရသည်။

ပြည်တွင်း၌ ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် မန္တလေးစျေးချိုတော် အပါအဝင် မန္တလေးမြို့ရှိ  ရတနာပုံစျေးတို့ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းမှ စတင်ကာ ပိတ်ထားခဲ့ရာမှ ယနေ့ (မတ် ၂၁ ) တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ကာ စျေးရုံဝင်ပေါက်များကို နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့သော်လည်း စျေးအတွင်းရှိ ဆိုင်ခန်းများမှ ဆိုင်ရှင်အများစု လာရောက် ဖွင့်လှစ်ရောင်းချခဲ့ခြင်းမရှိဘဲ အချို့မှာ ဆိုင်ရှိပစ္စည်းများ ရွေ့ပြောင်း သယ်ယူမှု ပြုလုပ်ခဲ့ကြောင်း၊ မွန်းလွှဲပိုင်းတွင် စျေးအတွင်း ဝင်ရောက်သည့် ရုံဝင်တံခါးများ ပြန်လည် ပိတ်ထားသည်ကို တွေ့မြင်ရသည်။

ထို့အတူ မန္တလေးမြို့ ၇၈ လမ်း ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ရတနာပုံစျေးတွင်လည်း စျေးအတွင်း ရောင်းသူ၊ ဝယ်သူ မရှိကြောင်း သိရသည်။

Most Read

Most Recent