ဘဏ္ဍာရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည့် အင်တာမီလန်အသင်းကို Porn ကုမ္ပဏီတစ်ခုမှ စပွန်ဆာပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။
အင်တာမီလန်အသင်းကို ပိုင်ဆိုင်ထားသည့် တရုတ်အခြေစိုက်ဆန်နင်းစီးပွားရေးအဖွဲ့အစည်းသည် ဘဏ္ဍာရေးပြဿနာများ ဖြင့် ရင်ဆိုင်နေရပြီး ၎င်းတို့ပိုင်ဆိုင်ထားသော တရုတ်စူပါလိဂ်ကလပ် ကျန်းဆုဆန်နင်းအသင်းကိုလည်း ဖျက်သိမ်းထားသည်။
ထို့ပြင် အင်တာမီလန်အသင်းသည် ရင်းနှီးမြှုပ်နှံသူအသစ်များကို မျှော်လင့်နေပြီး ကမ်းလှမ်းမှုများလည်း ရရှိထားသော်လည်း သဘောတူညီမှုမရရှိသေးကြောင်း သိရသည်။
ယခုအခါ Stripchat ဟုအမည်ရသည့် Porn ကုမ္ပဏီသည် အင်တာမီလန်အသင်း၏ အင်္ကျီရင်ဘတ်စပွန်ဆာအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းလာခြင်းဖြစ်သည်။
Stripchat သည် အင်တာမီလန်အသင်း၏ အကျႌရင်ဘတ်စပွန်ဆာအဖြစ် ဆောင်ရွက်ရန်အတွက် တစ်နှစ်ယူရို (၂၃)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အင်တာမီလန်အသင်းသည် အကျႌရင်ဘတ်စပွန်ဆာအသစ်ထံမှ ယူရိုသန်း (၃၀)ဝန်းကျင်ရရှိရန် ရည်မှန်းထားသည်။
အင်တာမီလန်အသင်း၏ လက်ရှိအကျႌရင်ဘတ်စပွန်ဆာသည် Pirelli ကုမ္ပဏီဖြစ်ပြီး Pirelli ကုမ္ပဏီဘက်မှ စာချုပ်သက်တမ်းတိုးနိုင်ရန် မျှော်လင့်နေသည်။
Pirelli ကုမ္ပဏီစီအီးအို ပရိုဗီရာက အင်တာမီလန်အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးနေပြီး သဘောတူညီမှုရရှိဖွယ်ရှိကြောင်း ဆိုခဲ့သည်။















