ဘာစီလိုနာ နည်းပြရာထူးအတွက် ထွက်ပေါ်နေသည့် သတင်းများအား အာတီတာ ပယ်ချ

ဘာစီလိုနာ နည်းပြရာထူးအတွက် ထွက်ပေါ်နေသည့် သတင်းများအား အာတီတာ ပယ်ချ
Photo: Getty Images
Photo: Getty Images
Published 6 March 2021

 

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ဘာစီလိုနာအသင်း နည်းပြရာထူးအတွက် သတင်းများထွက်ပေါ်နေသော်လည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

အာတီတာ (၃၈ နှစ်) သည် ဘာစီလိုနာ အသင်း၏ လာမာစီယာအကယ်ဒမီ ကစားသမားဟောင်းတစ်ဦးဖြစ်သလို ဘာစီလိုနာ နည်းပြဟောင်း ဂွါဒီယိုလာ၏ လက်ထောက်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။  

ဘာစီလိုနာဥက္ကဋ္ဌလောင်း လာပေါ်တာအနေဖြင့် ရွေးကောက်ပွဲအနိုင်ရပါက ခန့်အပ်ရန် ပြင်ဆင်ထားသည့် နည်းပြစာရင်းတွင် အာတီတာလည်းပါဝင်ကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။ 

သို့သော် ၎င်းင်းက "ဘာစီလိုနာမှာ ရွေးကောက်ပွဲရှိတဲ့အခါ ထင်ကြေးတွေက အမြဲတမ်းထွက်နေကျပါ။ ဒါပေမဲ့ လက်ရှိအာဆင်နယ်အသင်းနည်းပြအလုပ်ကိုပဲ အာရုံအပြည့်စိုက်ထားပါတယ်" ဟု တုံ့ပြန်ပြောကြားသည်။

Most Read

Most Recent