နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် အာဆီယံက မြန်မာတပ်မတော်ကို ဖိအားပေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် အာဆီယံက မြန်မာတပ်မတော်ကို ဖိအားပေး
မတ်လ ၂ ရက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များက ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်နေစဉ်
မတ်လ ၂ ရက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များက ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်နေစဉ်
Published 3 March 2021
Ref: Reuters

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်၊ ဆန္ဒပြသူများ အသက်ဆုံးရှုံးစေလောက်သည့် အင်အားသုံး ဖြိုခွင်းမှုများကိုရပ်တန့်၍ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို အဖြေရှာရန် အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံ တချို့က မတ်၂ ရက်တွင် မြန်မာတပ်မတော်ကို ဖိအားပေးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင်  တပ်မတော်၏အာဏာရယူမှုကို ဆန့်ကျင်ဆန္ဒပြမှုများ သီတင်းပတ်ချီဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြ ပြည်သူများကို ပစ်ခတ်ဖြိုခွဲမှုများ ထပ်မံလုပ်ဆောင်နေချိန်တွင် အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံ အစိုးရကိုဖြုတ်ချကာ တပ်မတော်က အာဏာရယူခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် သွေးထွက်သံယို အများဆုံးနေ့ဖြစ်ခဲ့ကာ လူထုအုံကြွမှုများ ပေါ်ပေါက်ခဲ့ရပြီး နှစ်ရက်အကြာတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက Video Call ပြုလုပ်၍ တပ်မတော် ကိုယ်စားလှယ်တစ်ဦးနှင့် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တပ်မတော်က အာဏာလွှဲယူခဲ့ပြီးနောက်ပိုင်း အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့ရာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ၎င်းဖြစ်စဉ်သည် မြန်မာအတွက် ဝမ်းနည်းဖွယ်ဆုတ်ယုတ်မှုဖြစ်သည်ဟု BBC နှင့် တွေ့ဆုံးမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

 ကြီးထွားလာသော တင်းမာမှုများကို ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ကြီးကို တံခါးဖွင့်ထားရန် ဒေသတွင်း သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို တွန်းအားပေး လုပ်ဆောင်နေသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။

နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ရန် မာဆူဒီက တိုက်တွန်းခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံ၏အရေးကိစ္စကို တခြားတစ်နိုင်ငံက ကြားဝင်စွက်ဖက်ခြင်းမပြုဆိုသည့် ကတိကိုလည်း ချိုးဖောက်မည်မဟုတ်ဟု ဆိုခဲ့သည်။

ထို့ပြင် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရေးကို မမှိတ်မသုန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ သဘောထား၊ ဆန္ဒနှင့် အကျိုစီးပွားတို့ကို လေးစားမှု ရှိရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက အလေးအနက် ပြောကြားလိုသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

သို့ရာတွင် အာဆီယံနိုင်ငံအချို့သည် ပြတ်ပြတ်သားသားပြောဆိုခဲ့ကြခြင်းမရှိဘဲ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးသည် အကြမ်းဖက်မှုကို လှုံ့ဆော်သည့်အခြေအနေမျိုးကို ရှောင်ရှားသင့်ကြောင်း၊ အာဆီယံအဖွဲ့ကြီးက အကူအညီပေးရန် အဆင်သင့် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။

အာဆီယံအဖွဲ့တွင် မြန်မာ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။

မြန်မာတပ်မတော်နှင့် စေ့စပ်ညှိနှိုင်းရန် အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုကို ဒီမိုကရေစီထောက်ခံသူများက ဝေဖန်ခဲ့ကြပြီး အာဆီယံ၏ စေ့စပ်ညှိနှိုင်းမှုသည် တပ်မတော်အစိုးရကို တရားဝင်ဖြစ်စေလိမ့်မည်ဟု ရွေးကောက်ပွဲအနိုင်ရ မြန်မာလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် CRPH ကော်မတီက ပြောကြားခဲ့သည်။

Myanmar’s neighbours press junta for SuuKyi’s release, restoration of democracy

Most Read

Most Recent