ဆာဆူအိုလို - နာပိုလီ (မြန်မာစံတော်ချိန် မတ်လ ၃ ရက် ည ၁၂:၀၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးက ဒီရာသီ နာပိုလီရဲ့ အမြင့်ဆုံးမျှော်လင့်ချက်ဖြစ်နေပါပြီ။ ဒဏ်ရာပြဿနာတွေက နာပိုလီရဲ့ ဖြစ်တန်စွမ်းကို ဆွဲချနေတယ်ဆိုပေမဲ့လည်း နည်းပြ ဂတ်တူဆိုရဲ့ နည်းစနစ်အမှားတွေကြောင့်လည်း နိမ့်ပါးသွားရတာပါ။ ပြီးတော့ ကူလီဘလီ ဦးဆောင်တဲ့ခံစစ်က အမှားတွေကျူးလွန်တတ်လို့ တိုက်စစ်မှာ ကစားသမားကောင်းတွေရှိတဲ့ ဆာဆူအိုလို ဂိုးရဦးမယ်ထင်တယ်။ နာပိုလီ အမှတ်လျော့နိုင်တယ်။
ကာဂလီယာရီ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၁၅ နာရီ)
ကာဂလီယာရီက တန်းဆင်းအန္တရာယ်ကနေ အလျင်အမြန် ရုန်းထွက်ရပါတော့မယ်။ ဘိုလော့ဂ်နာက ကာဂလီယာရီထက် ပိုပြီးထက်မြက်နေပေမဲ့ အမှတ်ပိုပြီးလိုအပ်နေတဲ့ ကာဂလီယာရီ ရလဒ်ကောင်းမယ်ထင်တယ်။
အတ္တလန်တာ - ခရိုတိုနီ (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၁၅ နာရီ)
ခံစစ်အဆိုးရွားဆုံး ခရိုတိုနီနဲ့ ရင်ဆိုင်ရချိန်မှာ အတ္တလန်တာ တိုက်စစ် အစွမ်းပြနိုင်မလား စောင့်ကြည့်ရမယ်။ ခရိုတိုနီက သချင်္ာနည်းအရ တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်သေးပေမဲ့ စိတ်ဓာတ်ရော ကစားပုံပါ အားနည်းလို့ မဖြစ်နိုင်တော့ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုအပ်နေတဲ့ အတ္တလန်တာ မဖြစ်မနေ နိုင်ပွဲယူမယ်။ (၂)ဂိုးပြတ်နိုင်မယ်။
ဖီအိုရင်တီးနား - ရိုးမား (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၁၅ နာရီ)
ရိုးမားက ယူရိုပါလိဂ်နဲ့ စီးရီးအေပြိုင်ပွဲနှစ်ခုကြား ဟန်ချက်ညီစွာလျှောက်လှမ်းနေတယ်။ နည်းပြ ဖွန်ဆီကာက ဖိအားတွေရှိခဲ့ပေမဲ့ အခုအချိန်မှာ အလုပ်နဲ့ အကောင်းဆုံးသက်သေပြနေတယ်။ ဒဏ်ရာကြောင့် ဂျက်ကို မပါဝင်နိုင်သေးပေမဲ့ ပတ်ဒရို၊ အယ်လ်ရှာရာဝီ၊ မစ်ခီတာရီယန်တို့ရှိနေလို့ အခက်အခဲမရှိပါဘူး။ တိုက်စစ်အားနည်းတဲ့ ဖီအိုရင်တီးနား တစ်မှတ်ထက် ပိုမရနိုင်ပါဘူး။
ဂျီနိုအာ - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၁၅ နာရီ)
ဂျီနိုအာက အိမ်ကွင်းမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနေပါတယ်။ တိုက်စစ်က ဂိုးတွေသွင်းလာနိုင်ပြီး ညာတောင်ပံကနေ ပြိုင်ဘက်ခံစစ်ကို အဓိကဖြိုခွဲနေတာတွေ့ရတယ်။ ဆမ်ဒိုးရီးယားက ဂျီနိုအာထက် စုဖွဲ့မှုပိုကောင်းပါတယ်။ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအားပြုကစားတတ်တဲ့ ဂျီနိုအာကို တန်ပြန်တိုက်စစ်နဲ့ ဒုက္ခပေးပါလိမ့်မယ်။ သရေကျနိုင်တယ်။
အေစီမီလန် - အူဒီနီးစ် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၁၅ နာရီ)
အေစီမီလန်က မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ အမှတ်ကွာဟချက်ကျဉ်းမြောင်းအောင် ကြိုးစားနေပါတယ်။ အေစီမီလန်ရဲ့ ကစားပုံလိုအပ်ချက်တွေ ရှိနေသလို၊ ခံစစ်က ဂိုးတွေဆက်တိုက်ပေးနေရတာ တွေ့ရတယ်။ အူဒီးနီးစ်က ရိုးမားကို ဂိုးပြတ်ရှုံးနိမ့်ပေမဲ့ ကစားပုံအရ အေစီမီလန်ကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။ ဒယ်လိုဖူသာ ပြန်ပါလာရင် အေစီမီလန် ပိုသတိထားရမှာဖြစ်ပြီး အေစီမီလန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။
ဘင်နီဗန်တို - ဗီရိုနာ (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၁၅ နာရီ)
ဗီရိုနာက အရေးပေါ်အမှတ်လိုအပ်ချက်မရှိပေမဲ့ ဘင်နီဗန်တိုက တန်းဆင်းဇုန်နဲ့ဝေးအောင် ရုန်းကန်ရပါဦးမယ်။ ပထမအကျော့ဆုံတွေ့တုန်းက နှစ်သင်းပေါင်း သွင်းဂိုးများထားသလို၊ ဒီ ပွဲကလည်း ဂိုးများဦးမယ်ထင်တယ်။ ဘင်နီဗန်တိုကို ကြိုက်တယ်။















