ဝန်ကြီးဌာနကိုးခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်း CRPH ထုတ်ပြန်

ဝန်ကြီးဌာနကိုးခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်း CRPH ထုတ်ပြန်
Published 2 March 2021

နိုင်ငံခြားရေးနှင့် သမ္မတရုံး အပါအဝင် ဝန်ကြီးဌာနကိုးခုအတွက် ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မတ် ၂ ရက်တွင် ထုတ်ပြန်သည်။

CRPH ထုတ်ပြန်ချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် သုံးဦးအပါအဝင် လေးဦးကို အဆိုပါဝန်ကြီးဌာနကိုးခုအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းဖြစ်သည်။ 

ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်ကို သမ္မတရုံးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း CRPH က ထုတ်ပြန်သည်။

ထို့ပြင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း CRPH ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent