အခြားဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံသည့်အစီအစဉ် နောက်ကျကျန်ရစ်နေပြီး ကပ်ရောဂါကို အဆိုးရွားဆုံးခံစားနေရသည့် ချက်သမ္မတနိုင် ငံတွင် ရုရှား၏ Sputnik V ကာကွယ်ဆေး ကို ပြောင်းလဲ၍ အားကိုးနေရချိန်တွင် ဗြိတိန်၌ နိုင်ငံ့လူဦးရေသန်း ၂၀ ကျော်ကို ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး တစ်လုံးထက်မနည်း ထိုးနှံပြီးစီးခဲ့ပြီဟု ဖေဖော်ဝါရီ ၂၈ ရက်၌ ထုတ် ပြန်ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ယင်းကာကွယ်ဆေးထိုးနှံပြီးစီးသည့် လူဦးရေသည် ဗြိတိန်အတွက်ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဗြိတိန်ကျန်းမာရေးဝန်ဆောင်မှု ဝန်ထမ်းများ နှင့် အခြားဝန်ထမ်းများအား ၎င်းတို့၏မမော နိုင်မပန်းနိုင် ကြိုးပမ်းဆောင်ရွက်မှုများအ တွက် ချီးကျူးပြောကြားခဲ့သည်။
ဇူလိုင်လကုန်တွင် အရွယ်ရောက်ပြီးသည့် နိုင်ငံသားအားလုံးကို ကာကွယ်ဆေးပ ထမတစ်လုံးထိုးနှံပြီးစီးရန် စီစဉ်ထားသည်ဟု လန်ဒန်က ထုတ်ပြန်ခဲ့သည်။
ထိုစဉ်တွင် ချက်သမ္မတနိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် သည် မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးနေပြီး လာမည့်ရက်အနည်းငယ်တွင်ကာကွယ်ဆေးရရှိရန် မျှော်မှန်းထားပြီးနောက်ချက် သမ္မတ မိုင်လိုစ့် ဇီမန် က Sputnik V ကာကွယ်ဆေး ထောက်ပံ့ပို့ဆောင်ပေးရန် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ တောင်းဆိုချက် စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စံချိန် တင် ၁.၂ သန်းကျော်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀,၀၀၀ ကျော်ရှိသည့် ချက်နိုင်ငံ အတွက် တရုတ်ဆေးကုမ္ပဏီ SinoPharm ၏ ကာကွယ်ဆေးများကိုလည်း လက်ခံကြို ဆိုကြောင်း နှင့် ကာကွယ်ဆေးများတွင် နိုင်ငံ ရေးသဘောတရား မပါဝင်ကြောင်းထောက် ခံပြောကြားခဲ့သည်။
ဟန်ဂေရီနိုင်ငံသည်လည်း ဥရောပ သမဂ္ဂအာဏာပိုင်များ၏ အတည်ပြုချက်မ ပေးထားသည့် SinoPharm ၏ ကာကွယ်ဆေးအား အသုံးပြုသည့် ပထမဆုံး ဥရောပသမဂ္ဂ နိုင်ငံဖြစ်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဖေဖော်ဝါရီ၂၈ ရက်၌ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ယင်း ကာကွယ်ဆေးကို ထိုး နှံခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်၌ အမေရိကန်တွင် Johnson & Johnson ၏ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတည်ပြုပေးခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်၏ ကာလ ကြာရှည်ကပ်ရောဂါ စစ်ပွဲအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို အဆိုးရွားဆုံးခံစားရသည့် နိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၁၁,၉၉၈ ဦးရှိပြီး အမေရိကန်ပြီးလျှင် ဘရာဇီး၊ မက္ကဆီကိုနှင့် အိန္ဒိယ နိုင်ငံတို့ကဗိုင်းရပ်စ် ကြောင့် သေဆုံးသူအများဆုံးဖြစ်သည်။
တစ်လုံးတည်းသာ ထိုးနှံရန်လိုအပ် သည့်J&J ၏ ကာကွယ်ဆေးသည် ဗိုင်းရပ်စ် မျိုးကွဲသစ်များအပါအဝင် ပြင်းထန်ဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ထိရောက်စွာကာကွယ်ပေး နိုင်ကြောင်း အမေရိကန်အစားအစာနှင့်ဆေး ၀ါး စီမံကွပ်ကဲရေး (FDA) ကအတည်ပြုထုတ် ပြန်ခဲ့သည်။အသက်ကြီးသည့်ကလေးများကို ယခုနှစ်တွင် ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ပြီး ငယ်ရွယ်သည့်ကလေးများကိုယခုနှစ်ကုန်သို့မဟုတ် ၂၀၂၂ ခုနှစ်နှစ်စပိုင်းတွင်ထိုး နှံပေးသွားမည်ဟု အိမ်ဖြူတော်၏ထိပ်သီး ကပ်ရောဂါအကြံပေး အန်သိုနီဖော်ချီက ဆို သည်။














