၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လေးလအတွင်း ခဲမဖြူနှင့်အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၄၄ တန်ကျော် ထုတ်လုပ်ထားပြီး ကယားပြည်နယ်မှ တန် ၁၀၀ ကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လေးလအတွင်း ခဲမဖြူနှင့်အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၁၄၄ တန်ကျော် ထုတ်လုပ်ထားပြီး ကယားပြည်နယ်မှ တန် ၁၀၀ ကျော်ဖြင့် အများဆုံးဖြစ်
သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်များအတွင်းက တွေ့ရစဉ်
သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်များအတွင်းက တွေ့ရစဉ်
Published 9 February 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇန်နဝါရီလအထိ လေးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက်ဖက်စပ် လုပ်ကွက်များမှ သတ္တု တန်ချိန် ၁၄၄ တန်ကျော် ထုတ်လုပ်ထားပြီး ကယားပြည်နယ်မှ တန် ၁၀၀ ကျော်ဖြင့် အများဆုံးထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ သိရသည်။

လေးလအတွင်း ကယားပြည်နယ်မှ ခဲမဖြူနှင့် အဖြိုက်နက် ၁၀၁ ဒသမ ၄၉၅ တန်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ခဲမဖြူနှင့် အဖြိုက်နက် ၃၉ ဒသမ ၆၅၄ တန်ဖြင့်စုစုပေါင်း ၁၄၄ ဒသမ ၁၄၉ တန်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့်အဖြိုက်နက်ထုတ်လုပ်မှုတွင် ကယားပြည်နယ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၁၈ ဒသမ ၂၈၉ တန်၊ နိုဝင်ဘာတွင် ၂၀ ဒသမ ၃၂၀၀ တန်၊ ဒီဇင်ဘာတွင် ၂၁ ဒသမ ၃၃၇၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၂၃ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီလတွင် ၂၁ ဒသမ ၃၃၇ တန်နှင့် မတ်လတွင် ၁၈ ဒသမ ၂၈၉၀ တန်နှင့် ဇူလိုင်လတွင် ၁၅ ဒသမ ၂၄၁၀ တန်၊ သြဂုတ်လတွင် ၂၀ ဒသမ ၃၂၁၀ တန်၊ စက်တင်ဘာလတွင် ၁၅ ဒသမ၂၄၁၀ တန်ဖြင့် စုစုပေါင်း ၁၇၃ ဒသမ ၇၄၄၀ တန်ထုတ်လုပ်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၁၀ တန်၊ နိုဝင်ဘာတွင် ၄၅ ဒသမ ၈၂၂၁ တန်၊ ဒီဇင်ဘာလတွင် ၃၆ ဒသမ ၁၇၄၀ တန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၃၃ တန်၊ ဖေဖော်ဝါရီတွင် ၄၅ ဒသမ ၇၁၄၀ တန်နှင့် မတ်လတွင် ၅၅ တန်နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁ တန်နှင့် ဇူလိုင်လတွင် ၁၀ ဒသမ ၉၃၉၀ တန်၊ သြဂုတ်လတွင် ၁၈ ဒသမ ၀၁၁၀ တန်၊ စက်တင်ဘာလတွင် ၄၇ ဒသမ ၆၅၁၀ တန်ဖြင့် စုစုပေါင်း ၄၃၆ တန်ကျော် ထုတ်လုပ်ထားသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၂၈ ဒသမ ၂၈၉၀ တန်၊ နိုဝင်ဘာတွင် ၆၆ ဒသမ ၁၄၂၀ တန်၊ ဒီဇင်ဘာတွင် ၅၇ ဒသမ ၄၁၁၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၅၆ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီတွင် ၆၇ ဒသမ ၁၅၁၀ တန်၊ မတ်လတွင် ၇၃ ဒသမ ၂၈၉၀ တန်နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁ တန်နှင့် ဇူလိုင်လတွင် ၂၆ ဒသမ ၁၈ တန်၊ သြဂုတ်လတွင် ၃၈ ဒသမ ၃၃၂၀ တန်၊ စက်တင်ဘာလတွင် ၆၂ ဒသမ ၈၉၂၀ တန်ဖြင့် စုစုပေါင်း ၆၀၉ ဒသမ ၉၅၅၀ တန် ထုတ်လုပ်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဆယ်လအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၆၃၅၅ ဒသမ ၃၄ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၄၇၃၂ ဒသမ ၇၃ အထိ ထုတ်လုပ်ထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီလတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်လတွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီလတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေလတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်လတွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် ဇူလိုင်လတွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စထုတ်လုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စု၊ နိုဝင်ဘာလအတွ င်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၁၂၃ ဒသမ ၁၈၀ ထရိုင်အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ်လတွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင်စ၊ မေလတွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင် စ၊ဇွန်လတွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စနှင့် ဇူလိုင်လတွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁ ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ဧပြီတွင် ၅၆၂ ဒသမ  ၆၆၀ ထရိုင်အောင်စ၊မေတွင် ၇၁၁ ဒသမ ၅၉ဝထရိုင်အောင်စ၊ဇွန်တွင် ၇၂၈ ဒသမ ၈ဝဝထရိုင်အောင်စနှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆ဝထရိုင်အောင်စဖြင့် စုစုပေါင်း ၆၃၅၅ ဒသမ ၃၄ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။