ကိုရီးယားချေးငွေဒေါ်လာ ၆၁ ဒသမ ၃သန်းအပါအဝင် ဒေါ်လာ ၆၉ ဒသမ ၂၄၂သန်းဖြင့် ဆောင်ရွက်နေသည့် တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ လာမည့် ၂၀၂၃ခုနှစ်တွင် ပြီးစီးမည်

ကိုရီးယားချေးငွေဒေါ်လာ ၆၁ ဒသမ ၃သန်းအပါအဝင် ဒေါ်လာ ၆၉ ဒသမ ၂၄၂သန်းဖြင့် ဆောင်ရွက်နေသည့် တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ လာမည့် ၂၀၂၃ခုနှစ်တွင် ပြီးစီးမည်
Published 8 February 2021

ကိုရီးယားချေးငွေဒေါ်လာ ၆၁ ဒသမ ၃ သန်းအပါအဝင် အမေရိကန်ဒေါ်လာ  ၆၉ ဒသမ ၂၄၂ သန်း၊ နိုင်ငံဘဏ္ဍာငွေ ၇ ဒသမ ၉၄၂သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်းဖြင့် ဆောင်ရွက်နေသည့် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းလုပ်ငန်းများ လာမည့် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ချက်များအရ သိရသည်။

တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ကိုရီးယား EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်း၊ နိုင်ငံဘဏ္ဍာငွေ ၇ ဒသမ ၉၄၂သန်း စုစုပေါင်း အမေရိကန်  ဒေါ်လာ ၆၉ ဒသမ ၂၄၂ သန်း ဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် တူးမြောင်းကမ်းပါး ထိန်းသိမ်းခြင်း အလျား ၅၈၈၀ မီတာ၊ တူး မြောင်း သုညမိုင်အနီး ရေဝဲအတွင်း ၅၅၅၀၀ (စတုရန်းမီတာအား) ကျောက်ကြီးဖြည့်ခြင်း၊ တူးမြောင်းတစ်လျှောက် ရေကြီးရေလျှံကာ ကွယ်ရေး၊ ရေထိန်းကမ်းပတ်တာ တည် ဆောက်ခြင်း ၃၉ ဒသမ ၅ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။

တွံတေးတူးမြောင်းတစ်လျှောက် ရေ ကြီးရေလျှံကာကွယ်ရေး၊ ရေထိန်းကမ်းပတ် တာ တည်ဆောက်ခြင်း ၃၉ ဒသမ ၅ ကီလိုမီ တာဖြစ်ပြီး စီမံကိန်းလုပ်ငန်းများအတွက် တင်ဒါ မောင်မြင်သော ISAN Cooperation Co., ltd နှင့် ၂၀၁၉ ဒီဇင်ဘာ ၃ဝရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး အသေးစိတ်ဒီဇိုင်း ရေးဆွဲ နေကြောင်း သိရသည်။

၂၀၁၆ခုနှစ်မှ လေးနှစ်တာကာလ အတွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ၌ အဓိကမြစ်ကြီးများ၌ ရေလမ်းကောင်းမွန် ရေးစီမံကိန်း ၆၈ ခု၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၉၆၄ ခုအား ဆောင်ရွက်နိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဧရာဝတီ မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ မူးမြစ် စသည့် မြစ်များတစ်လျှောက် ကမ်းပြိုကာ ကွယ်ရေး ဆောင်ရွက်မှုများအနေဖြင့်  ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၈၆ ခုနှင့် ရေလမ်း ကောင်းမွန်ရေးစီမံကိန်း ရှစ်ခုကို ဆောင် ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကမ်းပြို ကာကွယ်ရေး ၂၃၈ ခု၊ ရေလမ်းကောင်းမွန် ရေး ၁၈ ခု စသည်ဖြင့် နှစ်အလိုက် ဆောင် ရွက်ခဲ့ရာ လေးနှစ်တာကာလအတွင်း ရေ လမ်းကောင်းမွန်ရေး စီမံကိန်း ၆၈ ခု၊ ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၉၆၄ ခုအား ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ၃၁ ခုအား ဆောင်ရွက်ပြီးစီး ခဲ့ပြီး ညောင်တုန်းမြို့ကမ်းထိန်းလုပ်ငန်းများ ကို အရေးပေါ်ရန်ပုံငွေဖြင့် ဆက်လက် လုပ် ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ သတင်းရရှိသည်။

၂၀၁၆-၂၀၁၇ နှစ်တွင် ၁၈၆ ခုနှင့် ရေလမ်း ကောင်းမွန်ရေးစီမံကိန်း ရှစ်ခု၊  ၂၀၁၉-၂၀၂၀ နှစ်တွင် ကမ်းပြိုကာကွယ်ရေး ၂၃၈ ခု၊ ရေလမ်းကောင်းမွန်ရေး ၁၈ ခုတို့ အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent