■ ပရီးမီးယားလိဂ်ပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက်
Published 8 February 2021

လိဒ်စ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၉ ရက် နံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံးက တိုက်စစ်ပိုင်းကို အားသန်ကြတယ်။ ခံစစ်ပိုင်းက မထင်ရင်မထင်သလို ထဖောက်တတ်ကြတယ်။ များသောအားဖြင့် ခြေစွမ်းပိုင်းမဆိုးဘူး။ လက်ခံချင်စရာကောင်းတယ်။ ဒီနှစ်သင်းယှဉ်ရင်တော့ လိဒ်စ်ကစားတာကို ပိုကြိုက်တယ်။ ပဲလေ့စ်က ဇာဟာအပေါ် အများကြီးမှီခိုထားရပြီး၊ လိဒ်စ်က ဂိုးရနိုင်တဲ့လမ်းကြောင်း ပိုများတယ်။ လိဒ်စ်ပဲ အနိုင်ရမယ်ထင်တယ်။