သတ္တုကဏ္ဍတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်အောင်ဆောင်ရွက်ရန်နှင့် ယင်းသို့ဖြစ်စေရန် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးစေမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

သတ္တုကဏ္ဍတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်အောင်ဆောင်ရွက်ရန်နှင့် ယင်းသို့ဖြစ်စေရန် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးစေမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
သတ္တုလုပ်ကွက်အချို့ကို တွေ့ရစဉ်
သတ္တုလုပ်ကွက်အချို့ကို တွေ့ရစဉ်
Published 7 February 2021
နီလာ

သတ္တုကဏ္ဍတွင် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်အောင် ဆောင်ရွက်ရန်နှင့် ယင်းသို့ ဖြစ်စေရန် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးစေမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးစေမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ Responsible Mining ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ယင်းသို့ဖြစ်စေရန်အတွက် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးစေမှုများ မရှိစေရေး၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့ကို အလေးထား လိုက်နာဆောင်ရွက်ရေး၊ စျေးကွက်ရရှိရေး၊ လက်ရာအဆင့်အတန်းမြင့် အချောထည်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စည်းကမ်းများ လိုက်နာစေရေး၊ Mining Closure Plan ကို စနစ်တကျရေးဆွဲပြီး အမှန်တကယ်လိုက်နာ ဆောင်ရွက်စေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ လိုက်နာစေရေး၊ COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အ ညီ ကျောက်မျက်ရတနာပြပွဲများ စနစ်တကျဆောင်ရွက်နိုင်ရေး ကျောက်မျက်/သတ္တုလုပ်ကွက်များကို သတ်မှတ်စည်းကမ်းလိုက်နာမှုရှိမရှိ စစ်ဆေးကြပ်မတ်သည့်စနစ်  ပီပြင်အားကောင်းအောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇန်နဝါရီအထိ လေးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ရွှေ ၂၇၈၈ ဒသမ ၂၃၁ ထရိုင်အောင်စ  ထုတ်လုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၄၃၆ ဒသမ ၆၉၄ ထရိုင်အောင်စဖြင့် ရွှေအများဆုံးထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၈၃၄ ဒသမ ၁၆ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၇၃၄  ဒသမ ၂၆ အထိ အများဆုံးထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင် အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၌ ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင် အောင်စ၊ သြဂုတ်တွင် ၅၆၀ ဒသမ ၀၁၀ ထရိုင်အောင်စနှင့် စက်တင်ဘာတွင် ၄၄၁ ဒသမ ၅၂၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

Most Read

Most Recent