နှစ်သင်းစလုံးက သူတို့ ချန်ပီယံဖြစ်ခဲ့ တဲ့ ရာသီတွေက အသင်းတွေရဲ့ကစား ပုံကို ပြန်မရ သေးဘူး၊ ဒါမှမဟုတ် မမီသေးဘူးလို့တော့ ပြော လို့ရတယ်။ မန်စီးတီး ဆိုရင် ရလဒ် ကောင်းတွေ ဆက်တိုက် ရနေတဲ့အ သင်းပါ။ ဒါပေမဲ့ သွင်းဂိုးတွေနဲ့ ပြိုင်ဘက်တွေကို အပြတ်ဖြတ်တဲ့အပိုင်းတွေမှာ အရင်လောက်အားမကောင်းဘူးဆိုတာ တွေ့ရ တယ်။ စတာလင်ရဲ့အကောင်းဆုံးအချိန်မဟုတ် သလို၊ အဂွဲရိုးမှာလည်း ဒဏ်ရာပြဿနာနဲ့ ဗိုင်းရပ်စ်ပြဿနာတွေ တစ်လှည့်စီကြုံခဲ့ရတယ်။ ဆာနေး ထွက်သွားပြီးနောက် ပြန်ခေါ်ခဲ့တဲ့ ဖယ်ရန် တောရက်စ်က အားကိုးရပေမဲ့ ဆာနေးရဲ့ level မဟုတ်ဘူး။ မာရက်ဇ်က ခြေမမှန်ဘူး။ ဘာနာဒို ဆေးလ်ဗားက နည်းနည်းလေး မှေးမှိန်လာသလိုဖြစ်နေတယ်။ ဒါတွေဖြစ်နေလျက်နဲ့ မန်စီးတီးက အမှတ်ပေးဇယားကို ဦး ဆောင်နေတယ်ဆိုတာက အရင်က တည်းက ပြိုင်ဘက်တွေထက် ပို ကောင်းလွန်းလို့ဖြစ်ပြီး အခုတော့ ကွာ ဟချက်ကျဉ်းမြောင်းလာတယ်လို့ ပြော ရမယ်။ မန်စီးတီးအတွက် အဆိုးဆုံး ဖြစ်လာနိုင်တဲ့ ပြဿနာက တော့ ဒီဘရိုင်းနား မက စားနိုင်ခြင်း ဖြစ်ပါ တယ်။ ဒီဘရိုင်းနား မကစားနိုင်တဲ့ ပွဲတွေမှာ မန်စီးတီး နိုင်ပွဲတွေရ ခဲ့တယ်ဆိုပေမဲ့ ဒီပွဲ ကတော့ အဓိကစောင့်ကြည့်ရမယ့်ပွဲပါ။ မန်စီးတီး ဟာ ဒီဘရိုင်းနားမရှိဘဲ ဘယ်လောက်အထိ Consistency ရှိမလဲ၊ ဘယ်လောက် မာကျောခိုင်မာ မလဲဆိုတာကို စောင့်ကြည့်ရပါမယ်။
ဖိအားပေးခံရခြင်းကို ဘယ်သူဖောက်ထွက်ပြမလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
6 hours ago
6 hours ago
6 hours ago
6 hours ago
6 hours ago
6 hours ago