ဘွန်ဒစ်လီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 5 February 2021

ဟာသာဘာလင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁:၃၀ နာရီ)



ဟာသာဘာလင်အသင်း ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပျောက်နေတာ (၅)ပွဲဆက်ရှိသွားပြီ။ နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးပြန် ရလာပေမဲ့ အသင်းတိုက်စစ်ပိုင်းက ယုံကြည်လို့ရတဲ့အဆင့်မှာ မရှိပါဘူး။ ဘိုင်ယန်ကတော့ (၄)ပွဲဆက်အနိုင်ကစားထားပြီး အသင်းရဲ့ Tempo ကို တဖြည်းဖြည်းနဲ့ အရှိန်မြှင့်တင်လာနိုင်တာ တွေ့ရတယ်။ လီဝန်ဒေါစကီးက ပုံမှန်ဂိုးသွင်းနေဆဲဖြစ်ပြီး  အသင်းဖော် မူလာလည်း ဂိုးတွေရလာလို့ အသင်းတိုက်စစ်က ပိုမိုထက်မြက်လာမယ့် အနေအထားရှိတယ်။ ပထမအကျော့မှာ ဟာသာဘာလင် အပြန်အလှန်ကစားနိုင်ပေမဲ့ ဒီတစ်ပတ်တော့ သိပ်မဖြစ်နိုင်ဘူး။ ဘိုင်ယန်ကိုပဲ ကြိုက်တယ်။