အီသီယိုပီးယား ပဋိပက္ခနှင့် ထူးဆန်းစွာ ပျောက်ဆုံးနေသည့် ဆိုမာလီစစ်သားများ

အီသီယိုပီးယား ပဋိပက္ခနှင့် ထူးဆန်းစွာ ပျောက်ဆုံးနေသည့် ဆိုမာလီစစ်သားများ
Published 31 January 2021
ရန်မျိုးအောင်

တီဂရေးဒေသတွင် အာဏာရပါတီဖြစ်သည့် တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) ကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သီတင်းသုံးပတ်ကြာ  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မြို့တော်မီကီလီကို စစ်တပ်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ပွဲကိုအနိုင်ရရှိခဲ့သည်ဟု  . . .

 

 

အီသီယိုပီးယား၏ မြောက်ပိုင်း တီဂရေး ဒေသတွင် တိုက်ခိုက်မှုများပြုလုပ်ရန် အိမ်နီးချင်း အီရစ်ထရီးယားရှိ လေ့ကျင့်ရေးစခန်းများမှ လျှို့ဝှက်စေလွှတ်ခံခဲ့ရသည့် ဆိုမာလီစစ်သားများ၏ ကံကြမ္မာကို စိုးရိမ်နေကြသည့် ၎င်းတို့၏မိသားစုဝင်များကို ရှင်းလင်းတင်ပြရန် ဆိုမာလီယာနိုင်ငံသည် မြင့်တက်နေသည့် ဖိအားများအောက်တွင် ရောက်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက တီဂရေး ဒေသခံ တပ်ဖွဲ့များနှင့် အီသီယိုပီးယား ဖက် ဒရယ် စစ်သားများ တိုက်ခိုက်မှုများဖြစ်ပွား ခဲ့သည့် တီဂရေးစစ်မြေပြင်များသို့ ဆိုမာလီ စစ်သားများ စေလွှတ်ခဲ့သည်ဆိုသည့် စွပ်စွဲ ချက်များကို ဆိုမာလီယာအစိုးရက အခိုင် အမာ ငြင်းဆိုခဲ့သည်။

သို့သော်လည်း လွှတ်တော်အမတ်အချို့ သည် ပျောက်ဆုံးနေသည့် စစ်သားများ၏  သတင်းအချက်အလက်များကို ထုတ်ပြန်ရန်  ပူဆွေးနေသည့် မိဘများကိုယ်စား ဆိုမာလီ သမ္မတထံ စာဖြင့်ရေးသားပေးပို့ တောင်းဆိုခဲ့ ပြီး ယင်းစစ်သားများသည် တီဂရေးတွင် ရှိနေ သည်ဟု ယုံကြည်လောက်ဖွယ် အကြောင်းပြ ချက်ရှိသည်ဟု ပြောကြားခဲ့သည်။

ဟူစိန်အီဘရာဟင် အမည်ရှိ အမျိုးသား တစ်ဦးကမူ ၎င်း၏သားဖြစ်သူက သူသည် စစ်သင်တန်းတက်ရန် ကာတာသို့သွားရမည် ဟု အကြောင်းကြားခဲ့သော်လည်း အီရစ်ထရီး ယားကိုသာ ပို့ဆောင်ခံခဲ့ရသည်ဟု ပြောကြား ခဲ့သည်။

“လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်လောက် က ကျွန်တော့ သားနဲ့ နောက်ဆုံး အဆက်အ သွယ်ရခဲ့ပါတယ်။ သူပြောတာကတော့ သူဟာ လောလောဆယ်မှာ အဆင်ပြေနေ တယ်ဆိုပေမယ့် စိုးရိမ်မိတယ်လို့ ပြောပါ တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ရဲဘော်ရဲဘက် တွေဟာ ဘယ်နေရာမှန်းမသိတဲ့ အခြားစခန်း တွေကို ပြောင်းရွှေ့ခံခဲ့ရတာကြောင့် သူလည်း စိုးရိမ်မိတယ်လို့ ကျွန်တော့် သားက ပြောပါ တယ်။ သူ့ကံကြမ္မာ နဲ့ပတ်သက်ပြီး ဘယ်သူ့ကို မေးရမှန်းမသိတော့ပါဘူး။ အီရစ်ထရီးယား ကို ပို့လိုက်တဲ့ စစ်သားတွေဟာ အီသီယိုပီး ယားမှာ တိုက်ပွဲဝင်ဖို့ စေလွှတ်ခံခဲ့ရပြီး တစ် ချို့ဆို တိုက်ပွဲကျသွားခဲ့တာတွေ ရှိတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်” ဟု အီ ဘရာဟင်က ပြောကြားခဲ့သည်။

တီဂရေးတွင် တိုက်ခိုက်နေသည့် ဆိုမာ လီစစ်သားတစ်ဦးမှမရှိဘဲ အီသီယိုပီးယား အစိုးရကလည်း ဆိုမာလီစစ်သား များကို ပို့ဆောင်ရန် တောင်းဆိုထားခြင်းမရှိ ကြောင်း ဆက်သွယ်ရေးဝန်ကြီး အော့စမန် အဘူ ကာ ဒတ်ဘီက ဇန်နဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့ ပြီး အခြားသတင်းများသည် ၀ါဒဖြန့်မှုများ သာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

သေသလား ရှင်သလား မသိရခြင်း

သို့သော်လည်း ပျောက်ဆုံးနေသည့် စစ်သားများ မည်သည့်နေရာရောက်နေသ နည်းဆိုသည့် အချက်မှာ ရှင်းလင်းမှုမရှိဘဲ  ၎င်းင်းတို့၏ မိသားစုများ၏ ပူဆွေးသောကများ ကိုလည်း ဆိုမာလီပြည်သူများက စာနာခဲ့ ကြကာ  လာမည့်လတွင်ပြုလုပ်ရန် စီစဉ်ထား သော်လည်း နှောင့်နှေးကြန့်ကြာဖွယ်ရှိ သည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြသည့် နိုင်ငံရေးသမားများအတွက်လည်း ခက်ခဲ သည့် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။

“ကျွန်တော်တို့ရဲ့ မေတ္တာရပ်ခံချက်တွေ ကို ဆိုမာလီသမ္မတ နားထောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကလေးတွေ သေလား၊ ရှင်လား ဆိုတာကို ကျွန်တော်တို့ကို ပြောပြစေချင်ပါ တယ်” ဟု ကာတာသို့သွားမည်ပြောပြီး အီရစ် ထရီးယားသို့ စေလွှတ်ခံခဲ့ရသည့် စစ်သားတစ် ဦး၏ မိခင်ဖြစ်သူ ဖာဒူမို မိုအာလင် အဗ္ဗဒူလီ က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၈ ရက်နေ့စွဲဖြင့် ပေးပို့သည့် စာတစ်စောင်တွင် အီရစ်ထရီးယားသို့ စစ် သင်တန်းတက်ရောက်ရန် ပို့ဆောင်ခဲ့သည့် စစ်သားအရေအတွက်နှင့်ပတ်သက်သည့်  အသေးစိတ်အချက်အလက်များနှင့် ယင်း စစ်သားများ ပြန်လည်ရောက်ရှိမည့်အချိန် တို့ကို နိုင်ငံခြားဆက်ဆံရေး ကော်မတီက သမ္မတ မိုဟာမက် အဗ္ဗဒူလာဟီ မိုဟာမက်ကို မေးမြန်းခဲ့သည်။

“တခါတလေမှာ မိဘတွေအများစုဟာ  သူတို့ကလေးတွေကို ဆက်သွယ်လို့မရဘဲ တီဂရေးမှာ အစိုးရတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲ ဝင်ရင်း ကျဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ကိုသာ ကြားနေရတဲ့ ခံစားချက်ကို ကျွန်တော် တို့ စာနာနားလည်မိပါတယ်။ အဲဒီစစ်သား တွေအခုဘယ်မှာရှိနေလဲဆိုတာ အတည်ပြု ပြီး သူတို့မိဘတွေနဲ့ အဆက်အသွယ်ရစေချင် ပါတယ်” ဟု ယင်းပေးစာတွင် ဖော်ပြခဲ့သည်။

အမည်မဖော်လိုသည့် စစ်ဘက်အရာရှိ တစ်ဦးကမူ တပ်သားသစ်စုဆောင်းခံခဲ့ရသူ အချို့သည် အီရစ်ထရီးယားသို့ စစ်သင်တန်း တက်ရန် စေလွှတ်ခံခဲ့ရပြီး ဆိုမာလီစစ်သား များကို တီဂရေးသို့ စေလွှတ်နေသည့်သတင်း များမှာမူ အခြေအမြစ်မရှိကြောင်း ပြောကြား ခဲ့သည်။

သို့သော်လည်း ဆိုမာလီ ထောက်လှမ်း ရေးအကြီးအကဲဟောင်း အဗ္ဗဒီဆာလမ် ဂူ လိတ်ကမူ ဆိုမာလီယာနိုင်ငံသည် စစ်ပွဲ အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဆိုမာလီစစ်သား အများအပြားသေဆုံးခဲ့သည်ဟု အီသီယိုပီး ယား ထောက်လှမ်းရေးမိတ်ဆွေများကို ကိုး ကားပြီးပြောဆိုခဲ့သည်။

တိုးတိုးတိတ်တိတ်

တီဂရေးဒေသတွင် အာဏာရပါတီဖြစ် သည့် တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) ကို ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက သီတင်းသုံးပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပြီးနောက် မြို့တော်မီကီလီကို စစ်တပ်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ပွဲကိုအနိုင်ရရှိ ခဲ့သည်ဟု အီသီယိုပီးယား ဝန်ကြီးချုပ် အက်ဘီ အာမက်က ကြေညာခဲ့သည်။

သို့သော် TPLF ခေါင်းဆောင်များမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဆက်လက်တိုက်ပွဲ ဝင်သွားမည် ၎င်းတို့က ကတိပြုခဲ့သည်။ ယင်း ပဋိပက္ခကြောင့် တီဂရေးတွင် လူပေါင်း ထောင်ချီသေဆုံးခဲ့သည်ဟု အပြည်ပြည်ဆိုင် ရာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ (ICG) က ပြော ကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် အာဖရိက ဦးချို ဒေသ၏ တည်ငြိမ်မှုအတွက် စိုးရိမ်စိတ်များ မြင့်တက်စေခဲ့ပြီး အီသီယိုပီးယား၏ အိမ်နီး ချင်းနိုင်ငံများကိုလည်း ဒေသတွင်း ပဋိပက္ခ အတွင်းသို့ ဆွဲခေါ်သွားစေနိုင်မည်ကို စိုးရိမ် စေခဲ့သည်။

အီသီယိုပီးယားကမူ တီဂရေးတွင် ဆိုမာလီစစ်သားများတည်ရှိမှုကို ပြီးခဲ့သည့် သီတင်းပတ်တွင် ငြင်းဆိုခဲ့ပြီး ပဋိပက္ခတွင် အီရစ်ထရီး ယားစစ်သားများ ပါဝင်ပတ်သက်နေသည်ဆို သည့် မျက်မြင်သက်သေများ၏ထွက်ဆိုချက် များကိုလည်း ဆက်လက်ငြင်းဆိုနေသည်။

“အီသီယိုပီးယားနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဘယ်နိုင်ငံကိုမဆို ပဋိပက္ခထဲကို ဝင်ပါဖို့ ဘယ်တုန်းကမှ မဖိတ်ခေါ်ခဲ့ပါဘူး။ ဒါဟာ ပြည်တွင်းရေးကိစ္စဖြစ်ပါတယ်။ အီသီ ယိုပီးယားစစ်တပ်က ကိုယ့်ဘာသာကိုယ် ဖြေ ရှင်းနိုင်ခဲ့ပါတယ်”ဟု အီသီယိုပီးယားနိုင်ငံခြား ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒီနာ မူဖ်တီက ပြောကြားခဲ့သည်။

တီဂရေးပဋိပက္ခတွင် အီရစ်ထရီးယား စစ်သားများ ပါဝင်နေမှုကို ယုံကြည်နိုင် လောက်သည့် သတင်းများကို သတိထားမိ ကြောင်းနှင့် ယင်းစစ်သားများကို ပြန်လည် ရုပ်သိမ်းရန် ဒီဇင်ဘာလက အမေရိကန်နိုင်ငံ ခားရေးဌာနက ပြောကြားခဲ့သည်။ယခုလ အတွင်းတွင်လည်း အီသီယိုပီးယား လူ့အခွင့် အရေးကော်မရှင်က တီဂရေးတွင် အီရစ်ထရီး ယားစစ်သားများ အမြစ်တွယ်နေသည်ဟု  စွပ်စွဲခဲ့သည်။

၂၀၁၉ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည့် အီသီယိုပီးယားဝန်ကြီးချုပ် အက်ဘီ သည် တီဂရေးပဋိပက္ခနှင့်ပတ်သက် ပြီး TPLF ၏ ခါးသီးရန်သူတော်ဖြစ်သည့် အီရစ်ထရီး ယားနိုင်ငံ သမ္မတ အစ်ဆာအက်စ် အက်ဖ်ဝါကီကို ချဉ်းကပ်ကာ တီဂရေးအကျပ် အတည်း ကိုဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။

 

ထို့ပြင် အက်ဘီသည် ဒေသတွင်းလုံခြုံ ရေးအတွက် အီရစ်ထရီးယား၊ ဆိုမာလီယာတို့ နှင့် သုံးပွင့်ဆိုင် သဘောတူညီချက်များကို ပိုမိုခိုင်မြဲစေရန် လုပ်ဆောင်ခဲ့သည်။

ကျွမ်းကျင်သူများကမူ အီရစ်ထရီးယား တွင်လေ့ကျင့်ခဲ့သည့် ဆိုမာလီစစ်သားအချို့ သည် တီဂရေးသို့ ပို့ဆောင်ခံရသည်မှာဖြစ် နိုင်ပြီး အက်ဘီသည် TPLF နှင့် အီရစ်ထရီး ယားကြားမှ တင်းမာမှုများကို အသုံးချပြီး ပြည်တွင်းပြဿနာကို ဖြေရှင်းခဲ့သည်ဟု ပြော ကြားခဲ့သည်။

“သိသာထင်ရှားတာကတော့ အီရစ်ထရီးယားကို ဆိုမာလီစစ်သားတွေ သွား ရောက်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ချို့ကတော့ ပြန်ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့် အစိုး ရအနေနဲ့ အဲဒီစစ်သားတွေအကြောင်း အသေးစိတ်ကို ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ ပါဘူး။ အရာအားလုံးဟာ တိုးတိုးတိတ်တိတ် နဲ့ လုပ်ဆောင်နေခဲ့တာပါ”ဟု အမည်မဖော်လိုသည့် ဒေသတွင်း လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့သည်။     

 

Ref: AFP

Most Read

Most Recent