မြန်မာအစိုးရ အဆက်ဆက် ထိုင်းနိုင်ငံကို မှီခိုနေရဆဲ မြန်မာ့ငါးစျေးကွက်

မြန်မာအစိုးရ အဆက်ဆက် ထိုင်းနိုင်ငံကို မှီခိုနေရဆဲ မြန်မာ့ငါးစျေးကွက်
မြိတ်ဆိပ်ကမ်းတွင် ရပ်နားထားသည့် ငါးဖမ်းလှေများကို COVID ကာလမတိုင်မီက တွေ့ရစဉ်
မြိတ်ဆိပ်ကမ်းတွင် ရပ်နားထားသည့် ငါးဖမ်းလှေများကို COVID ကာလမတိုင်မီက တွေ့ရစဉ်
Published 31 January 2021
ဇော်မိုးဦး (မြိတ်)

ငါးဈေးကွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပါက အဓိက အထိနာမည်မှာ ရနှောင်းမြို့ဖြစ်သည်။ ရနှောင်းမြို့တွင်ရှိသည့် ရေထွက်ကုန်အားလုံး၏ ၉၉ ရာခိုင်နှုန်းမှာ မြိတ်ကျွန်းစုမှဖြစ်ပြီး ငါးဈေးကွက်တွင်

လာရောက်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်သား ရာခိုင်နှုန်း ၉၀ မှာလည်း မြန်မာနိုင်ငံ နေရာအနှံ့မှဖြစ် . . .

အစိုးရသုံးဆက် တိုင်းပြည်ကို တာဝန်ယူပြီးနောက်ပိုင်းတွင်လည်း မြန်မာ့ငါးစျေးကွက် အလားအလာမှာ နယ်စပ်ဂိတ်များကို မှီခိုနေရဆဲဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် ထိုင်း နိုင်ငံ ငါးစျေးကွက်ကိုမှီခိုပြီး မြန်မာနိုင်ငံမှ ရေလုပ်ငန်းရှင်များ ရပ်တည်နေရသည်မှာ ၁၀ စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

ကိုယ်တိုင် စျေးကွက်မဖော်ဆောင်နိုင် ခြင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသူများကို ကူ ညီပေးနိုင်မှုမရှိခြင်းကြောင့် မြန်မာ့ငါးစျေး ကွက်မှာ ထိုင်းကိုသာမှီခိုပြီး ပေးသည့်စျေး ဖြင့် ထိုးရောင်းနေရဆဲဖြစ်သည်။ အရှေ့ တောင်အာရှ နိုင်ငံအတော်များများမှာ ကိုယ် ပိုင်ငါးစျေးကွက်ဖြင့် နိုင်ငံတကာကို ထိုးဖောက် နေနိုင်ပြီဖြစ်သော်လည်း မြန်မာ့ငါးစျေးကွက် မှာ ကုန်ကြမ်းရောင်း၊ နယ်စပ်ဖြတ်တင် ရောင်း အဆင့်ဖြင့်သာ လိမ်ဖယ်လိမ်ဖယ် သွားနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်း တင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်ရရှိနေသလို ဗီယက်နမ်နိုင်ငံ အနေဖြင့်လည်း တစ်နှစ်လျှင်  အမေရိကန် ဒေါ်လာ ခုနစ်ဘီလျံနီးပါးအထိ ရှာဖွေနေနိုင် ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍတွင် အဓိကပါဝင်ဆောင်ရွက်နေသည့် တနင်္သာရီ တိုင်းဒေသကြီးရှိ ငါးလုပ်ငန်းအနေထားမှာ ထိုင်းနိုင်ငံတစ်ခုတည်းကိုသာ အဓိကမှီခိုနေရဆဲဖြစ်သည်။ တိုင်းဒေသကြီးတစ်ခုလုံး၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ရေလုပ်ငန်းအပေါ်မှီ ခိုပြီး စီးပွားရေး လုပ်ကိုင်နေကြသော်လည်းငါးစျေးကွက်မှာ မြန်မာနိုင်ငံတွင် မရှိဖြစ်နေသည်။ ဤသည်ကို အစိုးရအဆက်ဆက်က လည်း သိသလို လုပ်ငန်းရှင်များကလည်း သိ ကြသည်။

တပ်မတော်အစိုးရ တာဝန်ယူစဉ်ကာ လ ၁၉၉၉ ခုနှစ်ဝန်းကျင်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ငါးစျေးကွက်ကို ပြန်လည်ယူဆောင်ရန် ကြိုးစားခဲ့ဖူးသည်။ နယ်စပ်အရေးကိစ္စများကြောင့် စီမံကိန်းမှာ အောင်မြင်ခါနီးတွင် ပြန်လည်မှေးမှိန်သွားခဲ့သည်။ မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီ  ငါးလေလံစျေးကြီးတစ်ခုကို မြိတ်မြို့ အင်းလေးမြိုင်တွင် အကောင်ထည်ဖော်ခဲ့ပြီး တံတားကြီးများ၊ လေလံခင်းသည့် အဆောက်အအုံများ၊ One Stop Service ၊ ဘဏ်များ ဖြင့် လုပ်ငန်းလည်ပတ်ခဲ့သော်လည်း နယ်စပ်အရေးများကြောင့် ပြန်လည်မှေးမှိန်ခဲ့ သည်။

ထိုစဉ်က မြန်မာ့ရေထွက်ကုန်များကို အဓိကဝယ်ယူပြီး စီးပွားဖြစ်နေသည့် ထိုင်း နိုင်ငံ ရနှောင်းမြို့တွင် အတော်ဂယက်ထခဲ့ သည်။ ငါးစျေးကွက် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိသွားပါက အဓိကအထိနာ  မည်မှာ ရနှောင်းမြို့ဖြစ်သည်။ ရနှောင်းမြို့ တွင်ရှိသည့် ရေထွက်ကုန်အားလုံး၏ ၉၉ ရာခိုင်နှုန်းမှာ မြိတ်ကျွန်းစုမှဖြစ်ပြီး ငါးစျေး ကွက်တွင် လာရောက် လုပ်ငန်းလုပ်ကိုင်နေ သည့် လုပ်သား ရာခိုင်နှုန်း ၉၀ မှာလည်း မြန်မာနိုင်ငံ နေရာအနှံ့မှဖြစ်သည်။

မြိတ်ကျွန်းစုအတွင်း ငါးဖမ်းနေခဲ့သည့် ငါးဖမ်းလှေအများစုသည် ထိုင်းလုပ်ငန်းရှင် များထုတ်ပေးထားသည့် မြန်မာအမည်ခံငါးဖမ်းလှေများဖြစ်ခဲ့သည်။ ဆိုလိုချက်မှာ ထိုင်း နိုင်ငံအနေဖြင့် မြန်မာ့ရေထွက်ကုန်၊ မြန်မာ့ လုပ်သား၊ မြန်မာအမည်ခံ ငါးဖမ်းလှေဖြင့် မြန်မာ့ရေပြင်မှထွက်သည့် သယံဇာတများ ကို ထုတ်ယူသုံးစွဲကာ အသက်ဆက်နေခဲ့ သည်။ ထိုင်းနိုင်ငံ ရနှောင်းမြို့အနေဖြင့် မြိတ်ကျွန်းစု၏ နှာခေါင်းကိုယူကာ အသက် ရှူနေခဲ့သည်။ မြန်မာများ ကိုယ့်နှာခေါင်းဖြင့် ကိုယ် အသက်ရှူခွင့်မရခဲ့ပါ။ မွန်းကျပ်လွန်း ပြီး ကုန်ကြမ်းရောင်းသည့် အဆင့်ဖြင့်သာ အစိုးရတစ်ဆက် ပြီးဆုံးခဲ့သည်။

“ထိုင်းနိုင်ငံရဲ့ ရေထွက်ကုန်တင်ပို့မှုက နေ တစ်နှစ်ကို ကျွန်တော်တို့ အမေရိကန် ဒေါ်လာ ခုနစ်ဘီလျံကျော်အထိ ရတယ်။ ကျွန်တော်တို့အနောက်က ဗီယက်နမ်က အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံနီးပါးနဲ့ ကပ် လိုက်နေတယ်။ ရနှောင်းမြို့ကနေ ရှာဖွေ ပေးနိုင်တဲ့ ပမာဏက ရာခိုင်နှုန်း ၃၀ အထိ ရှိနေတယ်” ဟု ထိုင်းနိုင်ငံ၏ငါးဦးစီးညွှန် ချုပ်ဖြစ်သူ ဒေါက်တာအာဒီချပ်က နူနလနည နြိငေ က အင်တာဗျူးရာတွင် ဖြေကြားခဲ့ဖူး သည်။

ခုနစ်ဘီလျံ၏ ၃၀ ရာခိုင်နှုန်းမှာ နှစ်ဘီ လျံကျော်ဖြစ်ပြီး ရနှောင်းသို့ မြိတ်ကျွန်းစုမှ ဝင်ရောက်နေသည့်  ရေထွက်ကုန်များမှာ ၉၉ ရာခိုင်နှုန်းဖြစ်နေရာ တရားမဝင်ကုန် သွယ်မှုများစွာ ဖြစ်နေကြောင်း ကချင်ပြည် နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ငါးစျေးကွက်ပြန်လည်  ရောက်ရှိနေစေရန် တပ်မတော်အစိုးရက ကြိုးစားခဲ့ဖူးသော်လည်း နယ်စပ်အခြေအ နေများကြောင့် မှေးမှိန်ခဲ့ကာ ထိုင်းနိုင်ငံသို့ကုန်ကြမ်းအဆင့်ဖြင့်သာ သွားရောက် ရောင်းချနေခဲ့သည်မှာ ၁၀ စုနှစ် နှစ်ခုကျော် ကြာခဲ့ပြန်သည်။

“ကျွန်တော်တို့ဆီက ငါးပုစွန်တွေက ကုန်ကြမ်းအဆင့်နဲ့ပဲ သွားရောင်းနေရ တယ်။ ရနှောင်းမြို့ကို လှေတစ်စင်း ငါးသွား ရောင်းပြီဆိုရင် သူတို့ပေးတဲ့စျေးပဲ ရောင်းချ ရတယ်။ စျေးမကိုက်လို့ဆိုပြီး မြန်မာပြည်ကို ပြန်ယူလာလို့လည်းမရဘူး။ ဒီမှာဘာစျေး ကွက်မှ မရှိဘူး။ ပေးတဲ့စျေးနဲ့ပဲ ထိုးရောင်းရ တယ်။ အခုလိုမျိုး ကိုဗစ်ကာလကို အကြောင်း ပြပြီး စျေးဖြုတ်ချရင်လည်း ခံရတာပဲ။ ကျွန် တော်တို့ ဒီမှာ ငါးဖမ်းလှေထွက်တဲ့ စရိတ်၊ ရေလုပ်သားစရိတ်၊ အခွန်တွေ အကုန်ဆောင် ပြီး တရားဝင်သွားရောင်းပေမဲ့ စျေးကမကိုက်  ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်ကိုပို့ရမလဲ။  ရွေးချယ်စရာမရှိဘူး။ အလုပ်အကိုင်အခွင့် အလမ်းတွေ ဆုံးရှုံးမှာစိုးလို့ ဒီလိုပဲတောင့်ခံ နေရတယ်”ဟု ကော့သောင်းခရိုင်ငါးလုပ် ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောကြားသည်။

“ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသ ကြီးအနေနဲ့ ၂၀၁၉-၂၀၂၀ မှာ ရေထွက်ကုန် တန်ချိန် သုံးသိန်းကျော်တင်ပို့နိုင်ခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၃၄၇ ဒသမ ၅၁ သန်းရရှိခဲ့ပါ တယ်။ ၂၀၁၈-၂၀၁၉ မှာက ဒေါ်လာ ၂၈၄ ဒသမ ၁၅ သန်းပဲရရှိခဲ့ပါတယ်” ဟု တနင်္သာ ရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးသံ ချောင်းက ပြောကြားသည်။

ထိုင်းနိုင်ငံ ရနှောင်းမြို့သို့ ဝင်ရောက် နေသည့် ကုန်တန်ချိန်၊ တန်ဖိုးပမာဏ နှိုင်း ယှဉ်ကြည့်ပါက တိုင်းပြည်အတွက် များစွာ နစ်နာနေသည်ကို တွေ့နိုင်သည်။ အမေရိ ကန်ဒေါ်လာသန်း ၇၀ ရင်းနှီးမြုပ်နှံခွင့်ရ ထားသည့် မြိတ်မြို့က အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးလေလံစျေးမှာ တပ်မတော် အစိုးရလက်ထက်က ဒေါ်လာ ၁၀ သန်းရင်း နှီးထားပြီးကျန်ရှိသည့် ဒေါ်လာသန်း ၆၀ မှာ ငွေလွှဲခွင့်မရ ဖြစ်နေသည်။ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်းတွင်လည်း မြန်မာ နိုင်ငံတွင် ငါးစျေးကွက်ပြန်လည်ရရှိရန်ကိစ္စကို လျစ်လျူရှုထားခဲ့ပြီး ကုန်ကြမ်းရောင်း သည့်စနစ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

ယခု NLD အစိုးရတက်ပြီး နောက်ပိုင်းတွင်လည်း ဒေါ်လာသန်း ၂၀ ပထမအသုတ်လွှဲရန် တင်ပြထားမှုကို ယခုအထိ ခွင့်ပြုချက် မပေးသေးပေ။ မွေး/ ရေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကိုယ်တိုင် မြိတ်မြို့ ရှိ အပြည်ပြည်ဆိုင်ငါးလေလံစျေးကို လာ ရောက်ကြည့်ရှုခဲ့ပြီးဖြစ်သော်လည်း ငွေလွှဲ ရန်ကိစ္စ မဖြစ်မြောက်လာခဲ့ပေ။ NLD အစိုး ရသက်တမ်း ငါးနှစ်သာ ပြီးဆုံးသွားသော် လည်း  ငါးစျေးကွက်သည် ထိုင်းနိုင်ငံတွင်သာ ရှိနေမြဲဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကုန်ကြမ်းရောင်းချပြီး  ရွှေ့ပြောင်းလုပ်သား များပါ သွားရောက်လုပ်ကိုင်ပေးနေရဆဲ ဖြစ်သည်။ ငါးစျေးကွက် ပြန်ရောက်လာစေရန်အတွက် အစိုးရ သုံးဆက်စလုံး လုပ် ဆောင်မှု မအောင်မြင်သည်လား။ လုပ်ကိုင်ချင်စိတ် မရှိသည်လား မသိနိုင်ပေ။

ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှ ရေလုပ်ငန်းရှင်များ အလူးအလဲခံခဲ့ရသည်။  နယ်စပ်ဂိတ်များ ပိတ်လိုက်/ ပြန်ဖွင့်လိုက်၊ ရေထွက်ကုန်များ စျေးဖြုတ်လိုက်ဖြင့် ထိုင်း နိုင်ငံက အမျိုးမျိုးကစားနေခဲ့သည်။ မြန်မာ့ ရေလုပ်ငန်းရှင်များအတွက် ရွေးချယ်စရာ စျေးကွက်မရှိဘဲ လူးလှိမ့်အောင် ခံနေရ သည်။ ရွေးကောက်ပွဲတွင် ထပ်မံအရွေးချယ် ခံရသည့် NLD အစိုးရလက်ထက်တွင် ငါး  စျေးကွက်ပြန်လည်ရရှိရန် မြိတ်အများပိုင်မှ ဆက်လက်ကြိုးစားလာသည်။ အမေရိကန် ဒေါ်သန်း ၃၀၀ ခန့် ရင်းနှီှးမြှုပ်နှံမည့်စီမံကိန်း တစ်ခုကို အစိုးရထံတင်ပြထားသည့်အတွက် လက်ရှိအစိုးရက ငါးစျေးကွက်အတွက် မည် သို့လုပ်ဆောင်နိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ကိုဗစ်ကာလအတွင်း မြန်မာ့ရေထွက် ကုန်ကိုမှီခိုပြီး လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ မဟာချိုင်နှင့် ရနှောင်းတွင် မြန်မာရွှေ့ ပြောင်းလုပ်ငန်းများစွာ ဒုက္ခရောက်နေခဲ့ရ သည်။ တိုင်းပြည်တွင် ငါးစျေးကွက်မရှိသည့် အတွက် ထိုင်းနိုင်ငံတွင် သွားရောက်လုပ် ကိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိနေသည်။ မြန်မာ့ငါးစျေးကွက် ကိုမြန်မာနိုင်ငံတွင်ရောက်ရှိအောင် လုပ် ဆောင်ထားနိုင်ပါက အလုပ်အကိုင်အခွင့် အလမ်းများစွာ ရရှိမည်ဖြစ်သလို တိုင်းပြည် ဝင်ငွေမှာလည်း အဆများစွာတိုးတက်လာ မည် ဖြစ်သည်။ တိုင်းပြည်စီးပွားရေးကောင်း ရမည်။ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရမည်။ ဆင်းရဲသား ပပျောက်ရမည်ဟုကြွေး ကြော်နေသည့် NLD အစိုးရအနေဖြင့် ဒုတိယ သက်တမ်းကို ပြည်သူများ ရွေးချယ်ပေး လိုက်ပြီဖြစ်သည်။ အစိုးရအဆက်ဆက် အကောင်ထည်မဖော်နိုင်ခဲ့သော ငါးစျေးကွက်ကို လက်ရှိအစိုးရ လုပ်ဆောင်နိုင်မည်လား ဆိုတာ...။

Most Read

Most Recent