ပခုက္ကူဒေသတစ်ဝိုက် မိုးခေါင်မှုဟာ တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာပါတယ်။ ဒါဟာ ရာသီဥတုအချက်ပေး ခေါင်းလောင်းသံပါ။ သုံးရက်လောက် စွေရွာတဲ့မိုးမျိုး မကြုံရ မခံစားရတာ ငါးနှစ်လောက်ရှိပါပြီ။ ပခုက္ကူနယ်ရဲ့ မိုးဦးကာလ မိုးရွာသွန်းမှုဟာ အစောဆုံး မေလဖြစ်ပါတယ်။ မေလဆန်းပိုင်းရွာတဲ့မိုးသည် ကန်ရေမရပါ။ စိုက်ပျိုးရေးလုပ်ငန်း လုပ်ဖြစ်ရုံပဲ ရှိပါတယ်။ ဒီနှစ်ရေအခက်အခဲ ရှည်ကြာမှာဖြစ်သလို ကြိုတင် ပြင်ဆင်ထားဖို့လည်း လိုအပ်လှပါတယ်။ ကန်ရေ တစ်ခုတည်းကို မှီခိုအားထားလို့တော့ သောက်သုံးရေ အခက်အခဲ မပြေလည်နိုင်သလို မြေအောက်ရေ ထုတ်ယူသုံးစွဲမှုဟာလည်း စနစ်ကျဖို့ လိုအပ်လာပါတယ်။ တချို့ကျေးရွာတွေဆီမှာ မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်မှု အခက်အခဲရှိလာပါတယ်။ တစ်နာရီ ရေဂါလန် ၁၀၀၀ ကျော် ထုတ်ယူသုံးစွဲနေတာကနေ တစ်နာရီ ရေဂါလန် ၅၀၀ လောက်သာ ထုတ်ယူနိုင်တော့တဲ့ ကျေးရွာတွေရှိလာပါတယ်။ တချို့ရွာတွေက စက်ရေတွင်း ရေလုံးဝ မထွက်တော့တာတွေ ရှိလာပါတယ်။ မိုးခေါင်မှုကြောင့် မြေအောက်ရေဟာ ပြန်လည်ပြည့်ဖြိုးမလာတော့ဘဲ လျော့ကျနေပါတယ်။
အညာနွေကိုရင်ဆိုင်ဖို့ ဘာတွေပြင်ဆင်ထားပြီလဲ
အထက်အညာဒေသ ရေရှားပါးမှုမြင်ကွင်းများ (ဓာတ်ပုံ-သက်ထိန်ဝင်း)