ဖလမ်းလေဆိပ် ဖွင့်လှစ်ထားပြီဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနိုင်မှုအပေါ် ယင်းဒေသတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် မြေယာလျှောက်ထားမှုများရှိနေ

ဖလမ်းလေဆိပ် ဖွင့်လှစ်ထားပြီဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနိုင်မှုအပေါ် ယင်းဒေသတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် မြေယာလျှောက်ထားမှုများရှိနေ
ဆူရ်ဘုန်လေဆိပ်ကို တွေ့ရစဉ်
ဆူရ်ဘုန်လေဆိပ်ကို တွေ့ရစဉ်
Published 29 January 2021
နီလာ

ဖလမ်းလေဆိပ်ဖွင့်လှစ်ထားပြီဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်မှုအပေါ် ယင်းဒေသတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် မြေယာလျှောက်ထားမှုများရှိနေကြောင်း ချင်းပြည်နယ်ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“မြေယာလျှောက်ထားမှုတွေက အစိုးရကို လျှောက်တာပါ။ ကျွန်တော်တို့က အဲဒီမြေယာတွေခိုင်မာပြီဆိုရင် ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ခွင့်ပြုမိန့်တင်ပြီးခွင့်ပြုတာပါ။  မြေယာလျှောက်ထားမှုက အစိုးရက ချထားပေးတဲ့အဆင့်တော့ လောလောဆယ်မရောက်သေးပါဘူး။ တင်ထားဆဲအဆင့်ပဲ ရှိသေးတယ်” ဟု ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူးဒေါက်တာမင်းဇော်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းတည်ဆောက်ရေး လုပ်ငန်းများပြီးစီးပြီဖြစ်၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR 72- 600 လေယာဉ်ဖြင့် စမ်းသပ်ဆင်းသက်စစ်ဆေးမှုအား အောက်တိုဘာ ၂ရရက်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ်သည် ကုန်းလမ်းတစ်ခုတည်းကိုသာ အားကိုးနေရသဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တောင်ပေါ်မြေပြန့်ဖွံ့ဖြိုးမှုကွာဟချက် မရှိစေရန် ပေခြောက်ထောင်ကျော်တွင် ပထမဆုံးတည်ဆောက်သည့် လေဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။

ဖလမ်း (ဆူရ်ဘုန်) လေဆိပ်သစ်ကိုချင်း ပြည်နယ်၊ ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြောဖလမ်းမြို့၏ အနောက်မြောက်ဘက် ၈.၅ မိုင်အကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၆ဝဝဝတွင် တည်ဆောက်ထားပြီး လေယာဉ်ပြေးလမ်းမှာ အလျား ၆ဝဝဝပေ၊ အကျယ် ၁ဝဝပေ၊ ပြေးလမ်းအမျိုးအစားမှာ Flexible Pavement၊ ပြေးလမ်းအရှိန်သတ်စွန်း Overrun မှာ အလျား ၂ဝဝပေ၊ အကျယ် ၁၀၀ ပေ၊ လေယာဉ်ရပ်နားနေရာမှာ အကျယ် ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေ၊ ပြေးလမ်းခံနိုင်ရည်အား မှာ ၅၁၀၀၀ ပေါင် 23000KG ဖြစ်ပြီး ATR 72- 500, ATR 72 – 600 လေယာဉ်များဆင်းသက်အသုံးပြုနိုင်မည် ဖြစ်သည်။

ဖလမ်းဆူရ်ဘုန် လေဆိပ်စီမံကိန်း ကို ငွေကျပ် ၃၄ ဒသမ ၁၉၁ ဘီလျံ အကုန်ကျခံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း(ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်အား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန်စသည့် ချင်းပြည်နယ်ရှိ မြို့များကို ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ အချိန်တိုအတွင်း သွားလာနိုင်ရန် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

         

Most Read

Most Recent