ရန်ကုန်-ပြည် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း ( ၂၂၆ ကီလိုမီတာ) တွင်ပါဝင်သည့် အုတ်ဖို-ကြို့ပင်ကောက်လမ်းပိုင်းရှိ ပေ ၆၀ နှင့်အထက်တံတားများ အဆင့်မြှင့်တင်ခြင်းဆောင်ရွက်

ရန်ကုန်-ပြည် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း ( ၂၂၆ ကီလိုမီတာ) တွင်ပါဝင်သည့် အုတ်ဖို-ကြို့ပင်ကောက်လမ်းပိုင်းရှိ ပေ ၆၀ နှင့်အထက်တံတားများ အဆင့်မြှင့်တင်ခြင်းဆောင်ရွက်
  ပေ ၆၀ နှင့်အထက်တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
 ပေ ၆၀ နှင့်အထက်တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
Published 27 January 2021
ရွှန်းလဲ့ဝင်းb

ရန်ကုန်-ပြည် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း(၂၂၆ ကီလိုမီတာ) တွင် ပါဝင်သည့် ပေ ၆၀ နှင့်အထက် တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင် ရွက်နေကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန တိုင်းအမှတ် (၆) အနေဖြင့် ရန်ကုန်-ပြည်လမ်းပိုင်း ရထားပြေးဆွဲချိန်လျှော့ချရေး စီမံချက်မှ လုပ်ငန်းတစ်ခုဖြစ်သည့် ပေ ၆၀ နှင့်အထက် တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား (သံလမ်းဘက်ဆိုင်ရာ) နှစ်လုံးမြောက်တံတားအဖြစ် အုတ်ဖို-ကြို့ပင်ကောက်ကြားတွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအား လက်ရှိတွင် တစ်နာရီ ၄၈ ကီလိုမီတာနှုန်း ပြေးဆွဲနေပြီး စီမံကိန်းပြီးစီးချိန်တွင် ၁၂၀ ကီလိုမီတာအထိ ပြေးဆွဲနိုင်မည်ဖြစ်သည်။ ခရီးကြာချိန်အနေဖြင့် လက်ရှိတွင် ရှစ်နာရီ မိနစ် ၃၀ ခန့် ပြေးဆွဲနေပြီး စီမံကိန်းပြီးစီးချိန်တွင် သုံးနာရီ မိနစ် ၃၀ ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင်ကာ စီမံကိန်းကာလသုံးနှစ်အတွင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းတန်ဖိုးအနေဖြင့်ADB မှအမေရိကန်ဒေါ်လာ ၂၂၅ သန်းနှင့် နိုင်ငံတော်မှဘတ်ဂျက် (တစ်စိတ်တစ်ပိုင်း) ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

စီမံကိန်းလုပ်ငန်းများအနေဖြင့် သံလမ်း၊ တံတား၊ အချက်ပြနှင့်ဆက်သွယ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ စီမံကိန်းဆိုင်ရာ အချက်အလက်များအနေဖြင့် ဘူတာအရေအတွက် စုစုပေါင်း ၂၇ ဘူတာ၊ တံတားအရေအတွက် စုစုပေါင်း ၄၄၇ စင်း၊ ကားလမ်းကူးခုံးကျော်နှစ်စင်းနှင့် လူကူးခုံးကျော်ရှစ်စင်း ဆောင်ရွက်မည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရက တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် Official Development Assistance ODA အရ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီထားပြီး မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတို့တွင် ပြေးဆွဲအသုံးပြုရန် လျာထားသည့် ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက်ပေးပို့သွားရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံး မြန်နှုန်းတစ်နာရီလျှင်  ၁၀၀ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်ကိုဖြတ်သန်း၍ မန္တလေးမြို့အထိ ၆၂၀ ကီလိုမီတာခန့် ရှည်လျားသော မြန်မာနိုင်ငံ၏ အဓိကရထားလမ်းကြောင်းကို ပြေးဆွဲမည်ဖြစ်သည်။ ယင်းပြင် လက်ရှိကြာမြင့်ချိန်ဖြစ်သော ပြေးဆွဲချိန် ၁၅ နာရီခန့်ကို စီမံကိန်းအရ ရှစ်နာရီခန့်အထိ လျှော့ချနိုင်မည်ဟု သိရသည်။

 

Most Read

Most Recent