SSPP အဖွဲ့ဝင်အချို့ ခြောက်လှန့်ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ပြီး SSPP အဖွဲ့က ကိုယ်စားလှယ်လွှတ်၍ တောင်းပန်ပြီးဖြစ်ဟုဆို

SSPP အဖွဲ့ဝင်အချို့ ခြောက်လှန့်ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ပြီး SSPP အဖွဲ့က ကိုယ်စားလှယ်လွှတ်၍ တောင်းပန်ပြီးဖြစ်ဟုဆို
Published 25 January 2021
မင်းနိုင်စိုး

ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) အဖွဲ့ဝင်အချို့၏ ခြောက်လှန့်ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့နယ် ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန် သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ SSPP/SSA အဖွဲ့က ကိုယ်စား လှယ်စေလွှတ်၍ တောင်းပန်ပြီးဖြစ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောကြားသည်။

ဖြစ်စဉ်မှာ လာရှိုးနှင့် သီပေါကြားတွင် SSPP/SSA အဖွဲ့၏ နာမည်အသုံးပြု၍ အခွန် ကောက်ခံနေကြောင်း သတင်းရရှိသဖြင့် SSPP/SSA အုပ်ချုပ်ရေးအဖွဲ့က လိုက်လံ စိစစ်ခဲ့ရာ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါအမျိုးသားနှစ်ဦးမှာ SSPP/SSA အဖွဲ့မှမဟုတ်ဘဲ အခြားအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်များဖြစ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆိုသည်။

ထို့နောက် ကုန်းသာကျေးရွာအုပ်ချုပ် ရေးမှူး လုံးဆိုင်ဟန်က အဆိုပါအမျိုးသားနှစ် ဦးအား ပြန်လွှတ်ပေးရန် SSPP/SSA နယ် မြေခံအုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်ထောက် ခံခဲ့ပြီး အဆိုပါကိစ္စမှာ အောက်ခြေတွင် ဆုံး ဖြတ်၍မရသည့်အတွက် SSPP/SSA ဌာန ချုပ်တည်ရှိရာ ဝမ်ဟိုင်းတွင် ဆွေးနွေးတင်ပြ ရန် ပြောပြသည့်အတွက် SSPP/SSA အ ဖွဲ့ဝင်အချို့နှင့်အတူ ကုန်းသာကျေးရွာအုပ် ချုပ်ရေးမှူးအပါအဝင် သုံးဦးတို့သည် ဝမ် ဟိုင်းသို့ ထွက်ခွာလာခဲ့ကြောင်း ဗိုလ်မှူး စိုင်း ဖုန်းဟန်က ပြောကြားသည်။

ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီအချိန်ခန့် တွင် ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူးသည် လမ်းတစ်ဝက်၌ ထွက်ပြေးသွားသည့်အတွက် SSPP/SSA အဖွဲ့က ခြောက်လှန့်ပစ်ခတ်ခဲ့ ရာ အဆိုပါဒဏ်ရာဖြင့် ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူးမှာ သေဆုံးသွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် SSPP/SSA အဖွဲ့က ကိုယ်စားလှယ် စေလွှတ်၍ ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူး၏ မိသားစုထံ သွားရောက် တောင်းပန်ခဲ့ကြောင်း၊ ဆွမ်းသွပ်ရန် အတွက် အလှူငွေများ ပေးအပ်ခဲ့ကြောင်းနှင့် ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူး၏ မိသားစုဝင် များကလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေအေး ပေးပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန်သည် ဇန်နဝါရီ ၇ ရက်က SSPP/SSA အဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခံရကြောင်း ကြားသိရသည့် အတွက် NCA ထိုးထားသည့် ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS အနေဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းမိ ကြောင်း ဇန်နဝါရီ ၂၅ ရက် တွင် RCSS အဖွဲ့ က ထုတ်ပြန်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ လုံးဆိုင်ဟန် သည် ရပ်ရွာအကျိုး၊ လူထုအကျိုးနှင့် အမျိုး သားရေးအကျိုးတို့ကို သယ်ပိုးထမ်းရွက်ခဲ့သူ ဖြစ်သည့်အလျောက် ကျေးရွာလူထု၏ ချစ်ခင် လေးစားမှုကို ရရှိခဲ့သူဖြစ်ကြောင်း၊ လုံးဆိုင် ဟန်အား ထင်ယောင်ထင်မှား သံသယဖြစ်ရုံ မျှဖြင့် အကြောင်းမဲ့သတ်ဖြတ်ခြင်းသည် မင်းမဲ့ စရိုက်ဆန်ကြောင်း  RCSS က ထုတ်ပြန်သည်။

တော်လှန်ရေးလုပ်ခြင်းသည် တစ်နည်း အားဖြင့် ပြည်သူလူထု၏ ကောင်းကျိုးကို ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အပြစ်မဲ့ ပြည်သူလူထုကို သတ်ဖြတ်ခြင်းသည် တော် လှန်ရေးရည်မှန်းချက်နှင့် ဆန့်ကျင်ခြင်းပင် ဖြစ်ကြောင်းလည်း RCSS က ကြေညာချက် ထုတ်ပြန်ခဲ့သည်။