တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ NLD ပါတီ ကသာဖြစ်လျှင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည် ကြွေးကြော်ရုံ သက်သက်ဖြစ်နေမည်ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြောကြား

တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ NLD ပါတီ ကသာဖြစ်လျှင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည် ကြွေးကြော်ရုံ သက်သက်ဖြစ်နေမည်ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြောကြား
Published 25 January 2021
ဉာဏ်လင်းထွန်း

တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များသာ ဖြစ်မည်ဆိုလျှင် NLD ပါတီအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကြွေးကြော်ရုံသက် သက်သာဖြစ်နေမည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြော ကြားသည်။

လာမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အားလုံး NLD ပါ တီမှသာဖြစ်ဖို့များကြောင်း ယင်းပါတီဒုတိယ ဥက္ကဋ္ဌဒေါက်တာဇော်မြင့်မောင်၏ ဇန်နဝါရီ  ၂၁ ရက်ကပြောကြားထားမှုအပေါ် ရခိုင် ပြည်နယ်တွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရ ANP ပါတီဥက္ကဋ္ဌက အထက်ပါအတိုင်း  ဝေဖန်ပြောကြားခြင်းဖြစ်သည်။

“NLD ပါတီက သူတို့ပဲ ဝန်ကြီးချုပ် အကုန်လုံး ဖြစ်နိုင်တယ်လို့ ပြောတာက NLD ပါတီက  မြန်မာနိုင်ငံမှာဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ ရည်မှန်းချက်မရှိဘူး။  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတာ NLD ပါတီမှာပါးစပ်ကပြောရုံသက် သက်သက်ပဲ။ မူဝါဒမရှိဘူးဆိုတာကို ထုတ် ဖော် ပြောကြားတဲ့ သဘောလို့ပဲအဲဒီလိုပြောချင်တယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်း လှက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ ဝန်ကြီးချုပ်များကိုအစိုးရဖွဲ့ခွင့်ရရှိသည့် အာဏာရပါတီက ပေးအပ်ခြင်းဖြစ်ရာ NLD ပါတီမှာရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိ၍ ဝန်ကြီးချုပ်များသည် NLD ပါတီဝင်သာ ဖြစ်နိုင်ခြေများကြောင်း ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ဇန်နဝါရီ ၂၁ ရက်က မန္တလေးမြို့ရှိ မြန်မာ နိုင်ငံဆရာဝန်အသင်း၌ ပြုလုပ်သည့် အခမ်း အနားတစ်ခုအပြီးတွင် မီဒီယာများအားပြော ကြားခဲ့သည်။

“အရင်တုန်းကလည်း ဒီအတိုင်းပါပဲ။ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံပေးထားချက် ကို ကျွန်တော်တို့သုံးတာ။ ကျွန်တော်တို့ ဇွတ် ယူတာမှ မဟုတ်ဘဲ” ဟုဒေါက်တာဇော်မြင့် မောင်က ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ရှိ  မဲဆန္ဒနယ်အများစုကို အနိုင်ရခဲ့သော်လည်း ပြည်ထောင်စုအစိုးရဖွဲ့စည်းခွင့်ရရှိသည့် NLD ပါတီက ၎င်းတို့ ပါတီမှ အနိုင်ရလွှတ် တော်ကိုယ်စားလှယ် ဦးညီပုအား ဝန်ကြီးချုပ် ခန့်အပ်၍ ပြည်နယ် အစိုးရအဖွဲ့ကို ဦး ဆောင်စေခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ အရတိုုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ် လွှတ်တော် ၏ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေး ချယ် တာဝန်ပေးအပ်နိုင်သည်။

သို့သော် အနိုင်ရပါတီမှ ကိုယ်စားလှယ် ကိုသာခန့်အပ်ရမည်ဟု ဥပဒေတွင် မပါရှိ၍ ပြည်နယ်တွင်  အများဆုံးအနိုင်ရပါတီမှ ကိုယ်စားလှယ်ကိုသမ္မတအနေဖြင့် ရွေးချယ် တာဝန်ပေးနိုင်ကြောင်းလည်း ထောက်ပြမှု များရှိသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ်    အထွေထွေရွေးကောက်ပွဲတွင်လည်း ANP ပါတီ သည် ပြည်နယ်လွှတ်တော်ရှိမဲဆန္ဒနယ် ခုနစ်နေရာအနိုင်ရပြီး ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုရယူပြီး အစိုးရအဖွဲ့ကိုဦး ဆောင်လိုသည့် ဆန္ဒရှိနေသည်။

“ကျွန်တော်တို့ ပါတီက ၂၀၁၅ ရွေး ကောက်ပွဲအလွန်ကတည်းက ပြည်နယ် အစိုးရကိုဦးဆောင်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာရှိတယ်။ ဘာလို့လဲဆို  ကျွန်တော်တို့က မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်  ထောင်စုတည်ဆောက်ဖို့ဆိုတဲ့ ပါတီမှာ လည်း မူဝါဒရှိပြီးသား ဖြစ်တယ်။ လက်ရှိမှာ လည်း   ပြည်နယ်အစိုးရအဖွဲ့ကိုဦးဆောင် ဖွဲ့ စည်းလိုတဲ့ သဘောထားရှိတယ်” ဟု ANP ပါတီ ဥက္ကဋ္ဌဦးသာထွန်းလှကပြောကြားသည်။

ANP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ပြည်နယ် အစိုးရဖွဲ့စည်းနိုင်ရေး တောင်းဆိုမှု မရရှိ၍ အတိုက်အခံအဖြစ် ရပ်တည်မည်ဟု တရားဝင် သဘောထား ထုတ်ပြန် ရပ်တည်ခဲ့ပြီးလာမည့်  အစိုးရအဖွဲ့ ကိုထိုသို့ ဆက်လက်ဆောင်ရွက်ခြင်းရှိ၊ မရှိ မသိရသေးပေ။

“ဒါကတော့ အစိုးရဖွဲ့စည်းတဲ့ အခြေ အနေအပေါ်မှာမူတည်တယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ပြောရုံနဲ့ ကျွန်တော်တို့ အဲဒါကိုအတိအကျ ပြောဖို့အတွက် နည်းနည်းလေးစောသေးတယ်” ဟု ဦးသာထွန်းလှက ပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် NLD ပါတီသည် ကိုယ်စားလှယ် သုံးဦးပါအဖွဲ့ဖြင့် ကချင်၊ မွန်၊ ကယားနှင့် ရှမ်း ပြည်နယ်တို့ရှိ အနိုင်ရတိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံပြီးသဘောထားတောင်းခံမှု များ ရှိခဲ့ကာ တိုင်းရင်းသားပါတီအချို့က အစိုးရ အဖွဲ့၊ လွှတ်တော်တို့တွင် ပါဝင်ဆောင်ရွက် လိုသည့်    သဘောထားများတင်ပြမှုရှိခဲ့သည်။

သို့သော် NLD ပါတီဒုတိယဥက္ကဋ္ဌ၏ပြောကြားချက်အရတိုင်းနှင့် ပြည်နယ် ဝန် ကြီးချုပ်များသည်  NLD  ပါတီဝင်များသာ ဖြစ်မည့် အနေအထားရှိနေသည်။

NLD ပါတီ တာဝန်ရှိသူအချို့ ပြော ကြားချက်များအရလက်ရှိတွင် ပြည်ထောင်စု အဆင့်၊ တိုင်းနှင့် ပြည်နယ် အဆင့်ရှိအစိုးရ အဖွဲ့၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များကိုလျာထားပြီးဖြစ်ကြောင်း သိရသည်။

NLD ပါတီအနေဖြင့် အမျိုးသားညီညွတ်ရေးကိစ္စကိုဆောင်ရွက်မည်ဆိုပါက တိုင်းနှင့် ပြည်နယ် အချို့ရှိ ဝန်ကြီးချုပ် နေရာကို ခြွင်းချက်ထားရန် လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း ဇန်နဝါရီ ၂၂ ရက်တွင်  ပြောကြားသည်။

 

Most Read

Most Recent