ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 18 January 2021
အိသဥ္ဇာကျော်

‘အများကြောက်လန့်နေကြတဲ့ ယူကေ အမျိုးအစား၊ နောက် တောင်အာဖရိကမှာ ဖြစ်နေတယ်ဆိုတဲ့ ပိုပြီးတော့ ကူးစက်မြန်တယ်ဆိုတဲ့ အမျိုးအစားတော့ မဟုတ်သေးပါဘူး’

နိုင်ငံအများအပြားတွင် ဗီဇပြောင်း COVID-19 ပိုးအသစ်များ တွေ့ရှိလာ၍  ဆေးသုတေသနဦးစီးဌာနက မျိုးဗီဇနွယ် (Lineage) စစ်ဆေးခြင်းနှင့် မျိုးဗီဇဆင်တူမှု (Genetic Clade) စစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့သည်။  စစ်ဆေးမှုရလဒ်များအရ ပြည်ပနိုင်ငံမှ ပြန်လာသူများတွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသော မျိုးဗီဇအသစ်များ စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည့်အတွက် ၎င်းဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များနှင့်ပတ်သက်၍ သိရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်နှင့် Daily Eleven သတင်းစာတို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး -  ဗီဇပြောင်း COVID-19 ပိုးအသစ်နဲ့ ပတ်သက်ပြီး ဆေးသုတေသနဌာနက လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဦးဆုံးရှင်းပြပေးပါ။

ဖြေ - ပထမလှိုင်းလို့ ပြောလို့ရတဲ့ ၂၀၁၉ ခုနှစ်ကစပြီး ၂၀၂၀ မှာ အများကြီးဖြစ်လာ တယ်။ ၂၀၂၀ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် လတွေ ဒီကာလတွေကတည်းက ဆေးသု တေသနဦးစီးဌာနအနေနဲ့ ဓာတ်ခွဲအတည် ပြုလူနာတွေထဲကနေရလာတဲ့ ဓာတ်ခွဲအတည်ပြုသုတေသနနမူနာတွေကို ယူပြီး တော့ ဒီမျိုးဗီဇတစ်ခုလုံးကို စစ်ဆေးမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုထက် ထိလက်ရှိ ဒီနေ့အထိဆိုရင် နမူနာ ၆၃ ခုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ တွေ့ရှိထားတဲ့ သုတေသနတွေ့ရှိချက်တွေအရဆို ရင်တော့ ကျွန်တော်တို့နိုင်ငံမှာ လူတွေအ များကြီး စိတ်ဝင်စားနေတဲ့ အခုယူကေနိုင်ငံက စတင်ပြီးဖြစ်တယ်ဆိုတဲ့ မျိုးဗီဇပြောင်း လဲမှုတွေ၊ တောင်အာဖရိက ကနေပြီးတော့  တွေ့ရတဲ့ မျိုးဗီဇပြောင်းလဲမှုတွေ ပိုပြီးတော့ မြန်ဆန်စွာကူးစက်ပျံ့နှံ့နိုင်တဲ့ အမျိုးအစား တွေ လက်ရှိကာလအထိ တွေ့ရှိခြင်းမရှိသေး ပါဘူး။ ဒါပေမယ့် မျိုးဗီဇပြောင်းလဲမှုသည် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောသွားသလို မျိုးဗီဇ ပြောင်းလဲမှုတွေသည် အချိန်နဲ့အမျှ အချိန် မရွေးပြောင်းသွားနိုင်တယ်။ ပြည်တွင်းမှာရှိ တဲ့အမျိုးအစားက ပြောင်းနိုင်သလားဆိုရင် လည်း ပြောင်းနိုင်တာပဲ။ တခြားနိုင်ငံက ဝင် လာမှ ပြောင်းနိုင်သလားဆိုရင်လည်း ဖြစ် နိုင်တာပဲ။ ဆိုတော့ သူ့သဘော သဘာဝအရ ကိုက ဒီမျိုးဗီဇပြောင်းလဲမှုတွေသည် အချိန် နဲ့အမျှ တဖြည်းဖြည်းနဲ့ ပြောင်းပြောင်းသွား နိုင်တယ်။ အဲဒီလို ပြောင်းသွားခြင်းကြောင့် ကောင်းတဲ့ပြောင်းခြင်းတွေလည်း ဖြစ်နိုင် တယ်။ ဆိုးတဲ့ပြောင်းလဲခြင်းတွေလည်း ဖြစ် နိုင်တယ်။ ဆိုးတာပဲ ပြောင်းပြောင်း ကောင်း တာပဲပြောင်းပြောင်း ကျွန်တော်တို့ ဒီပြောင်း လဲမှုတွေသည် ဘယ်လိုမျိုးပြောင်းလဲနေပြီ လဲ။ ဘယ်လောက်ထိ များများပြောင်းလဲနေ ပြီလဲ။ ဒီပြောင်းလဲခြင်းတွေကြောင့် ဘာတွေ ဖြစ်လာပြီလဲဆိုတာကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့လိုပါတယ်။ 

မေး- ဓာတ်ခွဲနမူနာယူ စစ်ဆေးမှုကတစ်ဆင့် လက်တ လောတွေ့ရှိထားတဲ့ တွေ့ရှိချက်တွေကိုလည်း ပြောပြ ပေးပါ။

ဖြေ -  ဒီနေ့အထိ စစ်ဆေးပြီးတာ ၆၃ ခုဖြစ် ပါတယ်။ ဒီဓာတ်ခွဲနမူနာတွေထဲမှာ ပြည် တွင်းမှာ တွေ့ရတဲ့ ဓာတ်ခွဲနမူနာတွေပါ တယ်။ ပြည်ပကနေ ပြန်လာတဲ့အထဲက ဓာတ်ခွဲအတည်ပြုလူနာတွေကို စစ်ဆေးခဲ့ တာတွေ ပါပါတယ်။ နောက်ဆုံး ပြီးစီးသွား တဲ့ ၁၁ ခုမှာဆိုရင် ပြည်ပပြန်ထဲကဆို ခြောက်ယောက်ပါပါတယ်။ အဲဒီခြောက် ယောက်ဆိုရင် ဂျော်ဒန်နိုင်ငံကနေ ပြန်လာ တဲ့ ဟိုတလောက  ကြားမှာပေါ့။ ဂျော်ဒန်နိုင် ငံက လေယာဉ်တစ်စင်းထဲမှာ ၆၀ ကျော် လောက်အထိတောင် ပိုးတွေ့ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ပေါ့။ အဲဒီအထဲကနေ သုတေသနအ တွက် မျိုးဗီဇတစ်ခုလုံး စစ်ဖို့အတွက် လုံ လောက်တဲ့ ပိုးပမာဏပါတဲ့ ဓာတ်ခွဲအတည် ပြုလူနာဆီကရတဲ့ နမူနာကိုယူပြီးတော့ စစ်ဆေးခဲ့တာ ခြောက်ယောက် ပါပါတယ်။ နောက် ရန်ကုန်ကနေရတဲ့ သုတေသနဓာတ် ခွဲနမူနာ သုံးခုပါပါတယ်။ ပဲခူးက နှစ်ခုပါပါ တယ်။ စုစုပေါင်း ၁၁ ခုဖြစ်ပါတယ်။ ဒါသည် နောက်ဆုံး Update အနေနဲ့ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ ထူးခြားချက်က ကျွန်တော် တို့နိုင်ငံမှာ ဖြစ်တဲ့အမျိုးအစားကတော့ အ ရင်တွေ့ပြီးသား အမျိုးအစားဖြစ်တဲ့ B 1.36 အမျိုးအစားပဲဖြစ်ပြီးတော့ GH Stain ခေါ်တာပေါ့နော်။  ပြည်ပနိုင်ငံကဖြစ်တဲ့ ဂျော်ဒန်နိုင် ငံကလာတဲ့အမျိုးအစားကတော့ ဂျော်ဒန် Stain အမျိုးအစား ဖြစ်ပါတယ်။ အများကြောက်လန့်နေကြတဲ့ ယူကေအမျိုးအစား  ၊ နောက် တောင်အာဖရိကမှာ ဖြစ်နေ တယ်ဆိုတဲ့ ပိုပြီးတော့ ကူးစက်မြန်တယ်ဆိုတဲ့ အမျိုးအစားတော့ မဟုတ်သေးပါဘူး။ ပြည် တွင်းမှာ ဖြစ်နေတဲ့အမျိုးအစားနဲ့တော့ ပြည်ပကပြန်လာတဲ့သူတွေမှာ တွေ့တဲ့အမျိုးအ စားနဲ့ကတော့ ကွာတယ်။ ဒါပေမယ့် အများ ကြောက်လန့်နေတဲ့ အမျိုးအစား မဟုတ် သေးဘူးပေါ့နော်။ ဗီဇပြောင်းပြီးတော့ အ ရမ်းမြန်တယ်ဆိုတဲ့ အမျိုးအစားတော့ မ ဟုတ်သေးပါဘူး ။ သူတို့နိုင်ငံအတွင်းမှာ ဖြစ် နေတဲ့ အမျိုးအစားထဲမှာဆို ၉၉ ရာခိုင်နှုန်း ကဂျော်ဒန်ကဒီအမျိုးအစားကို တွေ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒါသည်လည်းပဲ တခြားနိုင်ငံတွေမှာ တွေ့ရတဲ့ အမျိုးအစား GR Stain လို့ခေါ်ပါတယ်။ အဲဒီအမျိုးအ စားကိုပဲတွေ့တာ ဖြစ်ပါတယ်။ အရမ်းကြီး တော့ ယူကေလိုမျိုး တောင်အာဖရိကလိုမျိုး အရမ်းကြီး ကူးစက်ပျံ့နှံ့တယ်ဆိုတဲ့ သက်သေတော့ မတွေ့ရပါဘူး။

မေး- အခုရက်ပိုင်းမှာပဲ မလေးရှားက ပြန်လာတဲ့ သူတွေမှာလည်း  COVID-19 ပိုးတွေ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအပြင် တခြားတိုင်းနဲ့ ပြည် နယ်တွေက သူတွေလည်းပါတဲ့အတွက် အဲဒီပိုးတွေ့ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုရော စစ်ဆေးဖို့ရှိပါ သလား။

ဖြေ -  မျိုးဗီဇစစ်တယ်ဆိုတာက မျိုးဗီဇ စစ် ဆေးဖို့ လုံလောက်တဲ့ပမာဏပါတဲ့ ဓာတ်ခွဲန မူနာဖြစ်ဖို့လိုတယ်။ Positive  ဖြစ်တိုင်း ပိုးတွေ့တိုင်း ကျွန်တော်တို့ ဆောင်ရွက်လို့မရ ပါဘူး။ ပိုးတွေ့တဲ့သူဆီမှာရှိတဲ့ ဓာတ်ခွဲနမူ နာတွေမှာ လုံလုံလောက်လောက် ပိုးအရေ အတွက် ပါတယ်ဆိုတော့မှ ကျွန်တော်တို့က ဆက်လက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ နောက်တစ်ခုက တစ်ခုတည်း နှစ်ခုတည်း ဆောင်ရွက်လို့မရဘူးပေါ့နော်။ တစ်ကြိမ်တစ်ခါ စက်ထဲထည့်ပြီး စစ်ဆေးမယ်ဆိုရင် ၁ဝခု၊ ၁၁ ခု လောက်ရတော့မှ စုစည်းပြီးတော့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ နောက် အဲဒီမှာ သုံးတဲ့နည်းပညာအရပဲဖြစ်ဖြစ် ဓာတ်ခွဲတဲ့ပစ္စည်းတွေကလည်း စရိတ်အရမ်းကြီးတယ်။ ပြည်ပကနေမှာရတဲ့ အခြေအနေ တွေပါ တွက်ရတယ်။ အဲဒါမျိုး အခြေအနေ ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့သည် ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပနိုင်ငံကပဲဖြစ် ဖြစ် ဘယ်ဒေသပဲဖြစ်ဖြစ် စစ်ဆေးဖို့လိုတဲ့အ ချိန်မှာ စဉ်ဆက်မပြတ် ဒါမျိုးတွေ ဆက်လက်ပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မေး - ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကူးစက်မှုများတဲ့ နေရာဒေသတွေနဲ့ လူစုလူ ဝေးပိုးတွေ့တဲ့ နေရာတွေက ဓာတ်ခွဲနမူနာတွေကို စစ်ဆေးဖို့ ညွှန်ကြားထားတာရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာရှိရင် ပြောပြ ပေးပါ။

ဖြေ -  လူစုလူဝေး ဖြစ်တဲ့နေရာတွေမှာလည်း ရောဂါဖြစ်တာတွေရှိတယ်။ တချို့ တွေကျတော့ အဓိက အုပ်စုလိုက်၊ အုပ်စု လိုက်တွေ့တဲ့ဟာလေးတွေရှိတယ်။ အဲဒီလို တွေ့တဲ့နေရာမှာ ထူးခြားချက်တွေရှိရင် ရှိသ လို ကျွန်တော်တို့ သုတေသနဘက်ကလည်း ပဲ ပံ့ပိုးပြီးတော့ ဖြည့်စွက်ပြီးတော့ ဆောင် ရွက်သွားမယ်။ ရတဲ့တွေ့ရှိချက်တွေကိုလည်းပဲ ကျန်တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနအောက်က အဖွဲ့အစည်းတွေအားလုံး နဲ့ ပူးပေါင်းပြီးတော့ ရောဂါတိုက်ဖျက်ဖို့အ တွက် ဒီနေ့ကျင်းပတဲ့ ညီလာခံရဲ့ ခေါင်းစဉ် လည်းဖြစ်တဲ့ ‘Fighting together against COVID-19’ လို့ ပြောသလို အားလုံးပူး ပေါင်းခြင်းအားဖြင့် COVID-19ကို ဘယ် လို ကျော်လွှားကြမလဲဆိုတဲ့အဖြေကို ရှာသွားမှာ ဖြစ်ပါတယ်။

မေး- ပြည်တွင်းမှာရှိနေတဲ့ ပိုးနဲ့ အခုနောက်ပိုင်း တွေ့ထားတဲ့ ဂျော်ဒန်နိုင်ငံကပိုးတွေ ပေါင်းစပ်သွားရင် ဗိုင်း ရပ်စ်ရဲ့ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုရှိနိုင်ပါသလဲ ။

ဖြေ - အခု SARS –COV -2 ရဲ့ သဘောသ ဘာဝက အဲဒီလို ပေါင်းတာမျိုး မတွေ့ရပါ ဘူး။ အရင်တုန်းက H1N1 လိုမျိုး ကြက်ငှက် တုပ်ကွေးလို ပိုးတွေဆိုရင်တော့ နှစ်ခုပေါင်း ပြီးတော့ တိရစ္ဆာန်မှာဖြစ်တဲ့ အမျိုးအစားနဲ့ ဒါနဲ့ပေါင်းပြီးတော့ နောက်ထပ်တစ်ခု အဲဒီ လိုပေါ်သွားတာမျိုးတွေ တွေ့တယ်လို့ ပြော ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ SARS- CoV 2 ရဲ့      အနေအထားအရဆိုရင်တော့ အဲဒီလို ပြောင်းလဲတာမျိုးတော့ သိပ်ပြီး တော့ တွေ့ရလေ့မရှိပါဘူး။ ဒါပေမယ့် တစ်ခု ဘာဖြစ်နိုင်သလဲဆိုရင် သူက လူမှာဖြစ်နေ ရာကနေပြီးတော့ တိရစ္ဆာန်တွေမှာ နီးစပ်တဲ့ တိရစ္ဆာန်တွေမှာ တစ်ခုခုမှာ ပြောင်းသွားပြီးတော့ အဲဒီကတစ်ဆင့် လူကို ပြန်ကူးတာမျိုး ဒါမျိုးကို ဒိန်းမတ်နိုင်ငံမှာ သွားတွေ့ပါတယ်။ ဒိန်းမတ်မှာဆိုရင် မြွေပါကတိုး (Mink) လေးတွေ အဲဒီအကောင်လေးတွေမွေးတဲ့ Farm ရှိတယ်။ အဲဒီ Farm မှာ ပိုးရှိတဲ့ လူက နေ အဲဒီအကောင်လေးတွေကို ကူးသွား တယ်။ မြွေပါကတိုးကို ကူးတယ်။ အဲဒီမြွေပါ ကတိုးမှာ ရောဂါဖြစ်ပြီးတော့ လူကို ပြန်ကူးတယ်။ ဆိုတော့ ကြားထဲက အကောင်ခံသွားတဲ့အခါကျတော့ ဗီဇပြောင်းလဲတာတွေဖြစ် သွားတယ်။ အဲဒီလိုဖြစ်သွားတဲ့အတွက် လူ တွေမှာပါ အုပ်စုလိုက် ထူးခြားတဲ့ပြောင်းလဲ မှုတွေနဲ့ ထပ်ဖြစ်တာတွေ တွေ့ခဲ့ရတယ်။ အဲ လိုမျိုး အမျိုးအစားတွေဖြစ်ခဲ့ဖူးတဲ့ သမိုင်းတွေတော့ရှိတယ်။ လောလောဆယ်တော့ ဟိုအကောင်နဲ့ ဒီအကောင်နဲ့ ပေါင်းသွားပြီး အသစ်တစ်ခု ထွက်လာတာမျိုးတော့ အခု ထက်ထိတော့ တွေ့ရှိထားခြင်း မရှိသေးပါ ဘူး။

မေး - လက်ရှိ တွေ့ထားတဲ့ ဂျော်ဒန်နိုင်ငံက ပိုးရဲ့ ကူးစက်ပျံ့နှံ့မှုအခြေအနေနဲ့ ပိုးရဲ့ပြင်းအားက ဘယ် လောက်ရှိနိုင်ပါလဲ။ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။ 

ဖြေ။     ။ လက်ရှိ တွေ့ထားတဲ့အနေအထားအ ရဆိုရင်တော့ ဂျော်ဒန်မှာတွေ့နေတဲ့အမျိုးအစားသည် ပုံမှန်အတိုင်းပဲ။ ပုံမှန်အတိုင်းဆိုတာက သူတို့နိုင်ငံမှာ အခြားအမျိုးအစားတွေ   တွေ့သလိုပဲ ထူးထူးခြားခြား အရမ်းကြီး ဆိုး ဆိုးရွားရွား ပိုပြီးတော့ ပြင်းထန်လာတယ်။ ပို ပြီးတော့ ကူးစက်ပျံ့နှံ့မှုတွေ ပိုဆိုးသွားတယ် ဆိုတဲ့ သက်သေမျိုးတော့ အခုထိ မတွေ့ရ သေးဘူး။ အဓိက အများပြည်သူတွေအနေ နဲ့ ရိုးရှင်းတဲ့နည်းလို့ပဲပြောရမယ်။ အားလုံး က သိနေကြပြီးသား လက်ဆေးမယ်။ ခပ်ခွာ ခွာနေမယ်။ Mask တပ်မယ်။ ဒီလိုနည်း တွေကို ကာကွယ်ဆေးတွေရပြီးတဲ့အချိန်အထိတောင်မှ ဆက်လက်ပြီးတော့ ဆောင် ရွက်ရဦးမယ့် အနေအထားဖြစ်ပါတယ်။ ကာကွယ်ဆေးရဦးတော့ ဘယ်ကာကွယ်ဆေးက မှ ရာနှုန်းပြည့် ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်း ၊ ကိုယ့်ကိုကိုယ် သတိထားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ခြင်း သည်သာလျှင်အကောင်းဆုံးဆေးဖြစ် တယ်။ ဒီနည်းနဲ့ပဲ ကျွန်တော်တို့ COVID-19  ကို တစ်ယောက်ချင်းကစပြီး အားလုံး ပါဝင်ခြင်းအားဖြင့် ဆောင်ရွက်မယ်ဆိုရင် တစ်နိုင်ငံလုံးသည် ကပ်ရောဂါဘေးကနေ ကာကွယ်နိုင်မယ်လို့ ပြောကြားလိုပါတယ်။                           

Most Read

Most Recent