ဖာဂူဆန်ကဲ့သို့ စကားလုံးတိုက်ပွဲဆင်နွှဲသည့် အရည်အသွေးမရှိဟု လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် တုံ့ပြန်

ဖာဂူဆန်ကဲ့သို့ စကားလုံးတိုက်ပွဲဆင်နွှဲသည့် အရည်အသွေးမရှိဟု လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် တုံ့ပြန်
Photos : Getty Images
Photos : Getty Images
Published 17 January 2021

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း မိမိတွင် မန်ယူအသင်း ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ကဲ့သို့ စကားလုံးတိုက်ပွဲဆင်နွှဲသည့် အရည်အသွေး မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ 

ကလော့ပ် က မန်ယူအသင်း၏ ပယ်နယ်တီမှတ်တမ်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားရာတွင် ဒိုင်လူကြီးဟောင်း ကလက်တန်ဘတ်က ပြန်လည်ဝေဖန်သဖြင့် ၎င်းက ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

"ဒီအကြောင်းကို မာ့ခ်ကလက်တန်ဘတ်က ပြောနေလို့ မအံ့သြမိပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဆာအဲလက်စ်နဲ့မတူတာတွေ အများကြီးရှိပါတယ်။ မာ့ခ်ကလက်တန်ဘတ် လို တခြားလူတွေကပြောလာရင် ပိုပြီးပြောစရာတွေက အမြဲတမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ စကားလုံးတိုက်ပွဲလုပ်နိုင်တဲ့ အရည်အသွေးမရှိပါဘူး။ ဒါက ကျွန်တော့်ရဲ့ ပြဿနာပါ" ဟု ကလော့ပ်က ပြောကြားခဲ့သည်။

Most Read

Most Recent