ပယ်ညာ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ညနေ ၅:၃၀ နာရီ)
ပယ်ညာက တတိယတန်းမှာ ကန်နေတဲ့အသင်းဖြစ်ပြီး ဒီအဆင့်အထိ ရောက်လာတာကို ချီးကျူးရမယ်။ ဗယ်လာဒိုလစ်က လာလီဂါမှာ တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲနေရတဲ့အသင်းပါ။ ဗယ်လာဒိုလစ် အားမစိုက်ရင် ပေးဆပ်သွားရနိုင်တယ်။
အယ်လ်မီရီယာ - အလာဗတ်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ညနေ ၅:၃၀ နာရီ)
အယ်လ်မီရီယာက ဆီဂန်ဒါမှာ တန်းတက်ခွင့်ကို ချိန်နေတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပိုင်းက အလာဗတ်စ်တို့လို လာလီဂါမှာ တန်းဆင်းဇုန်တိုက်ပွဲဝင်အသင်းတွေနဲ့ မကွာလှဘူး။ အိမ်ကွင်းလည်းဖြစ်နေလို့ အယ်လ်မီရီယာ နိုင်သွားနိုင်ပါတယ်။
ဗယ်လက်ကာနို - အယ်လ်ချီ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၉:၃၀ နာရီ)
မာရီယိုဆွာရက်ဇ်၊ လူကာဇီဒန်း၊ အူယိုအာ၊ ဘီဘီတို့ရဲ့ ဗယ်လက်ကာနိုက ဆီဂန်ဒါမှာ ခြေစွမ်းပြနေပါတယ်။ အယ်လ်ချီအတွက် လာလီဂါကနေ တန်းမဆင်းရဖို့က ပိုအရေးကြီးပါတယ်။ အိမ်ရှင်ပဲ နောက်တစ်ဆင့်တက်ဖို့ များတယ်။
ဟီရိုနာ - ကာဒစ်ဇ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၉:၃၀ နာရီ)
ဟီရိုနာက မန်စီးတီးဆီက အငှားကစားသမားတွေနဲ့ အင်အားတောင့်တဲ့အသင်းပါ။ ဒါပေမဲ့ ကာဒစ်ဇ်ရဲ့ ဒီရာသီခြေစွမ်းက အထင်ကြီးစရာကောင်းပြီး အဆင့်တစ်ခု ရှိပါတယ်။ ကာဒစ်ဇ် ခက်ခက်ခဲခဲ ကစားပြီး နိုင်သွားလိမ့်မယ်။
ဖွယ်လာဘရာဒါ - လီဗန်တေး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၁၁:၃၀ နာရီ)
ဖွယ်လာဘရာဒါအသင်းအတွက် ဒီအဆင့်ကို ရောက်လာတာက ပထမဆုံးအကြိမ်ပါပဲ။ လီဗန်တေးက လာလီဂါမှာ အေးအေးလူလူ ဖြစ်နေသေးလို့ ဒီပွဲကို အားထည့်နိုင်ပါတယ်။ လီဗန်တေးပဲ နောက်တစ်ဆင့် တက်လိမ့်မယ်။
လီဟာနက်စ် - ဆီဗီလာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၇ ရက် နံနက် ၁:၃၀ နာရီ)
လီဟာနက်စ်က ဒီရာသီမှာ ဆီဂန်ဒါကနေ ပြန်တက်လာဖို့ အားထုတ်နေပြီး အိုမာရူအို၊ ရှီဘာဆာကီ၊ ရိုဆား၊ ပါဒို၊ ဘော်ဟာဘက်စတွန်တို့လို လာလီဂါအဆင့် ကစားသမားတွေနဲ့ အင်အားတောင့်တင်းပါတယ်။ ဒါပေမဲ့ ဆီဗီလာကလည်း ဖလားပွဲတွေကို အာရုံစိုက်ကစားလေ့ရှိသလို၊ အရန်ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဆီဗီလာပဲ ကပ်နိုင်သွားလိမ့်မယ်။















