ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ရန်ကုန်မှ ငပလီသို့ Day Trip Flight ခရီးစဉ်ပျံသန်းရန် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့်ညှိနှိုင်းနေ

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ရန်ကုန်မှ ငပလီသို့ Day Trip Flight ခရီးစဉ်ပျံသန်းရန် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့်ညှိနှိုင်းနေ
မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်များအား တွေ့ရစဉ်
မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်များအား တွေ့ရစဉ်
Published 13 January 2021

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ရန်ကုန်မှ ငပလီသို့ Day Trip Flight ခရီးစဉ် ပျံသန်းရန် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် ညှိနှိုင်းနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မှ ငပလီသို့ Day Trip Flight ခရီးစဉ်ပျံသန်းရန် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် စျေးနှုန်းညှိနှိုင်းမှုများပြုလုပ်နေပြီး ညှိနှိုင်းမှုပြီးစီးပါက ပျံသန်းမည့်ရက်အား ထပ်မံအတည်ပြု ကြေညာဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ်တော့ စျေးနှုန်းလေးတွေ ညှိနှိုင်းနေတာပေါ့နော်။ လက်မှတ်ရောင်းရင်တော့ ဟိုတယ်ခပါ အပြီးအစီးပေါ့။ ကျန်းမာရေးဝန်ကြီးဌာန ခွင့်ပြုချက်ရ ငပလီက ဟိုတယ်တွေကို အသုံးပြုသွားမှာပါ။ ဟိုတယ်အနေနဲ့ Day Use ပုံစံဖြစ်သွားမှာပေါ့။ မနက်ခင်းရောက် ညနေပြန်ပုံစံပေါ့နော်။ လေယာဉ်စျေးနှုန်း ညှိနှိုင်းပြီးရင်တော့ ပြေးဆွဲမယ့်ရက်ကို ကြေညာပေးသွားမှာပါ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် Day Trip Flight ခရီးစဉ်များအနေဖြင့် ပုဂံနှင့် ငပလီသို့ ပျံသန်းရန် တိုင်းဒေသကြီး/  ပြည်နယ်အစိုးရများ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒီဇင်ဘာ ၂၉ ရက်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းမှာ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား Video Conferencing ဖြင့် တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက “လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းပြေးဆွဲမှုများကို ဒီဇင်ဘာ ၁၆ ရက်ကစပြီး ပြန်လည်စတင်ခဲ့ကြောင်း Enchanting Myanmar Health and Safety Protocol (HSP) ကိုလိုက်နာ၍ ခရီးသွားနိုင်သည့် ယုံကြည်မှု ပြန်လည်ရရှိ၍ မြန်မာနိုင်ငံတွင် COVID Safe TYreavel ဖြစ်နိုင်သည်ကို နိုင်ငံတကာသို့ ပြသနိုင်ရန် Non Landing Sightseeing Flight နှင့် River Cruise များကို ပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး Day Trip Flight to Nagpali, Day Trip Flight to Bagan နဲ့ Caravan Tour တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားရှိသည့် COVID-19 ဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများ စနစ်တကျ ပြန်လည်စတင်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် လုံးဝနီးပါးရပ်ဆိုင်းခဲ့ရသည့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်၊ မြစ်တွင်းသွားခရီးစဉ်၊ ကုန်းတွင်းယာဉ်တန်း ခရီးသွားလုပ်ငန်းများကို Pilot Project အနေဖြင့် စတင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်အရ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာ ၂၀ ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR လေယာဉ်ဖြင့် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ-ရန်ကုန် ရှုခင်းကြည့် အပျော်စီးခရီးစဉ်အားပျံသန်းခဲ့ပြီး ပြည်တွင်းရေကြောင်းမှ တိုးပွားရေယာဉ်ဖြင့် ရန်ကုန်မြစ်တွင်းသွား ရှုခင်းကြည့် အပျော်စီးသင်္ဘောခရီးစဉ်အား စီစဉ်ပြေးဆွဲခဲ့ပြီးဖြစ်သည်။

Most Read

Most Recent