COVID-19 ထိန်းချုပ်မှုစည်းမျဉ်းချိုးဖောက်သူ ကစားသမား သုံးဦး၏ဒဏ်ကြေးများကို စပါးအသင်း ပြန်လည်လှူဒါန်းမည်

COVID-19 ထိန်းချုပ်မှုစည်းမျဉ်းချိုးဖောက်သူ ကစားသမား သုံးဦး၏ဒဏ်ကြေးများကို စပါးအသင်း ပြန်လည်လှူဒါန်းမည်
Photos : Instagram, Daily Mail, Athletic
Photos : Instagram, Daily Mail, Athletic
Published 12 January 2021

COVID-19 ထိန်းချုပ်မှုစည်းမျဉ်းချိုးဖောက်သူ ကစားသမား သုံးဦး၏ဒဏ်ကြေးများကို စပါးအသင်း ပြန်လည်လှူဒါန်းမည်

စပါးအသင်းသည် COVID-19 ထိန်းချုပ်မှုစည်းမျဉ်းချိုးဖောက်သူ ကစားသမား သုံးဦး၏ ဒဏ်ကြေးများကို ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စပါးအသင်းကစားသမား လာမယ်လာ၊ ဆယ်လ်ဆို၊ ရယ်ဂီလွန်နှင့် ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ လန်ဇီနီတို့သည် OVID-19 စည်းကမ်းချိုးဖောက်၍ နှစ်သစ်ကူးကာလ တွင် မိသားစုဝင်များနှင့်အတူ ပါတီပွဲပြုလုပ်ခဲ့ကြသည်။

စပါးအသင်းက ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီးနောက် ဒဏ်ကြေးချမှတ်ခဲ့ခြင်းဖြစ်သည်။

ငွေပမာဏကို မထုတ်ပြန်သော်လည်း နှစ်ပတ်စာလစာ ဒဏ်ရိုက်ခြင်းဖြစ်နိုင်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။

၎င်းတို့သုံးဦးပေါင်း၏ တစ်ပတ်လစာမှာ ပေါင်နှစ်သန်းဝန်းကျင်ရှိရာ ပေါင်လေးသိန်းခန့် လှူဒါန်းနိုင်မည်ဖြစ်သည်။

လက်ရှိတွင် လာမယ်လာက တစ်ပတ်လစာ ပေါင်(၈၀,၀၀၀)၊ ဆယ်လ်ဆိုက ပေါင်(၇၀,၀၀၀)၊ ရယ်ဂီလွန်က ပေါင်(၄၈,၀၇၇) ရရှိနေလျက်ရှိသည်။

Most Read

Most Recent