တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များအနက် မြို့နယ် ၁၆ မြို့နယ်တွင် မဲမသမာမှုပြုနိုင်၊ ဖြစ်နိုင်သည့် မဲစာရင်း ၄၄၉၁၀၁ မဲ တွေ့ရှိခဲ့ကြောင်း တပ်မတော်က အဌမအကြိမ် ထုတ်ပြန်

တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များအနက် မြို့နယ် ၁၆ မြို့နယ်တွင် မဲမသမာမှုပြုနိုင်၊ ဖြစ်နိုင်သည့် မဲစာရင်း ၄၄၉၁၀၁ မဲ တွေ့ရှိခဲ့ကြောင်း တပ်မတော်က အဌမအကြိမ် ထုတ်ပြန်
Published 5 January 2021

တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များအနက် မြို့နယ် ၁၆ မြို့နယ်တွင် မဲမသမာမှု ဖြစ်စေနိုင်သည့် မဲစာရင်း ၄၄၉၁၀၁ မဲ တွေ့ရှိခဲ့ကြောင်း တပ်မတော်က ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် အဌမအကြိမ် ထုတ်ပြန်ကြေညာသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား  ခုနှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ၊စိစစ်တွေ့ရှိချက်များသည် သာမာန်အားဖြင့် မသိနိုင်သည့် ထပ်နေသော မဲစာရင်းများနှင့် အထောက်အထားဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော မဲစာရင်းများဖြစ်ကြောင်း ရရှိသည့် မဲစာရင်းများကို အခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

ထပ်မံစိစစ်ပြီးသည့် ၁၆ မြို့နယ်၏ တွေ့ရှိချက်များတွင် မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ ရွှေကျင်၊ သံတောင်ကြီး ၊ တောင်ငူ ၊ ခန္တီး ၊ ကန့်ဘလူ ၊ ရွှေကူ၊ လွိုင်လင်၊ မိုင်းပန်၊ ကျေးသီး၊ သထုံ၊ အိမ်မဲ ၊ ကလော၊ မြိတ်၊ ရေနံချောင်း မြို့နယ်များဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၉၄၈၄ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၇၅၂၂ စုစုပေါင်း ၄၇၀၀၆ မဲ၊ ဗိုလ်တထောင်မြို့နယ်တွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၂၅ ၊ မဲ မသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၁၂ စုစုပေါင်း ၁၁၃၇ မဲ ၊ ရွှေကျင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၆၅၈ ၊  မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၄၄၂၄ ၊ စုစုပေါင်း ၁၉၀၈၂ မဲ၊ သံတောင်ကြီးတွင်  မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၈၃၃၇ ၊မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၈၇၃၀ ၊စုစုပေါင်း ၁၇၀၆၇ မဲ၊ တောင်ငူတွင် မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၃၆၉၈ ၊မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၅၈၆၃ ၊ စုစုပေါင်း ၄၉၅၆၁ မဲ တို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ ခန္တီးမြို့နယ်တွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၆၃၃ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၂၀၃၊ စုစုပေါင်း ၄၈၃၆ မဲ၊ ကန့်ဘလူမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၆၉၄၆ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၀၁၇၂၊ စုစုပေါင်း ၅၇၁၁၈ မဲ၊ ရွှေကူမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၄၆၇ ၊  မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၄၆၇၀ ၊ စုစုပေါင်း ၈၁၃၇ မဲ ၊ လွိုင်လင်မြို့နယ်တွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၄၂၄ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၀၈၁၄ ၊ စုစုပေါင်း ၂၅၂၃၈ မဲ၊

မိုင်းပန်မြို့နယ်တွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၁၆ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၀၃၇ ၊ စုစုပေါင်း ၁၃၅၃ မဲ တို့ဖြစ်ကြောင်း သိရသည်။

အလားတူ ကျေးသီးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၁၅၁ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၀၅၀၅ ၊ စုစုပေါင်း ၂၂၆၅၆ မဲ ၊ သထုံမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၈၆၅၃ ၊  မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၈၂၉၁၊ စုစုပေါင်း ၅၆၉၄၄ မဲ ၊ အိမ်မဲမြို့နယ်တွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း  ၁၅၈၉၃ ၊  မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၀၅၂၆ ၊ စုစုပေါင်း ၃၆၄၁၉ မဲ၊ ကလောမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၅၁၃၂ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၄၆၈၃ ၊ စုစုပေါင်း ၂၉၈၁၅ မဲ၊ မြိတ်မြို့နယ်တွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၆၈၉၆  ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၈၄၄၁ ၊ စုစုပေါင်း ၅၅၃၃၇ မဲ တို့ ဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်တွင်  မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၂၈၂ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၃၁၁၃ ၊ စုစုပေါင်း ၁၇၃၉၅ မဲ တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ၁၆ မြို့နယ်၏ စိစစ်တွေ့ရှိချက် အသေးစိတ်အား စာရင်းဇယားများဖြင့် ၄င်တို့၏ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ Facebook Page တွင် အသေးစိတ် ထုတ်ပြန်ထားသည်။

Most Read

Most Recent