ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာနရှိ စက်ခန်းအနီး မီးလောင်ကျွမ်းခဲ့မှုကြောင့် လက်ရှိ၌ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေ၍ ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည် ကုသမှုများ ရပ်ဆိုင်းထား

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာနရှိ စက်ခန်းအနီး မီးလောင်ကျွမ်းခဲ့မှုကြောင့် လက်ရှိ၌ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေ၍ ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည် ကုသမှုများ ရပ်ဆိုင်းထား
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည် ဆေးကုဌာနရှိ စက်ခန်းအနီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့စဉ်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည် ဆေးကုဌာနရှိ စက်ခန်းအနီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့စဉ်
Published 4 January 2021
 အိသဥ္ဇာကျော်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည် ဆေးကုဌာနရှိ စက်ခန်းအနီး မီးလောင်ကျွမ်းခဲ့မှုကြောင့် လက်ရှိ၌ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေ၍ ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည် ကုသမှုများ ရပ်ဆိုင်းထားကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည် ဆေးကုဌာနရှိ စက်ခန်း ၃ အနီး ပင်မ Main Server ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးသော ဘက်ထရီတစ်လုံး ပလက်ခေါင်း ချောင်ရာမှ မီးလောင်ကျွမ်းမှု တစ်ခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သဖြင့် ဓာတ်ရောင်ခြည် ကုသမှုများ ရပ်ဆိုင်းထားခဲ့ရကြောင်း၊ မီးလောင်ရာတွင် မီးငြိှမ်းသတ်မှုအတွင်း စက်ခန်း ၃ နှင့် ၄၊ စက်ခန်း Control rooms များနှင့် CT simulator room အတွင်းသို့ ရေဝင်ရောက်ခဲ့ကြောင်း၊ ဓာတ်ရောင်ခြည် စက်ခန်းများ အချင်းချင်းနှင့် Main Server တို့အကြား Data Cable များနှင့် Wire ကြိုးများသည် Concrete မြောင်းများအတွင်းမှ ဖြတ်သန်း ဆက်သွယ်ရသည့် လမ်းကြောင်းများတွင်လည်း ရေဖုံးလွှမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားပြီးသည့် နောက်တနေ့ မနက်မှစ၍ စက်ခန်းများ အမြန်ဆုံး ပြန်လည် ကောင်းမွန်စေရေးအတွက် ခရစ်စမတ် ၊ နှစ်သစ်ကူး ပိတ်ရက်များတွင်ပါ သက်ဆိုင်ရာ စက်ခန်းအလိုက် Duty ချ၍ ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုပြင်ဆင် ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့မှုများမှာ မီးလောင်မှုဖြစ်ပွားရာ နေရာတဝိုက် ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ Data Cable နှင့် Electric Wire များ ဆက်သွယ်ရာ မြောင်းတလျှောက် ရေစုတ်ထုတ်ခြင်းနှင့် ပြင်ပထိခိုက်မှုရှိ မရှိ စစ်ဆေးခြင်း၊ အခြောက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Main Data Server အား ရေငွေ့နှင့် Carbon Dust များကြောင့် ပျက်စီးမှု မရှိစေရေးအတွက် စနစ်တကျ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် Hardware များ ပျက်စီးထိခိုက်မှုရှိ မရှိ စစ်ဆေးခြင်း၊ Control ခန်းများနှင့် Planning ခန်းများအတွင်းရှိ ကွန်ပြူတာနှင့် ထိန်းချုပ်ခလုတ်များ ရေငွေ့နှင့် Carbon Dust များကြောင့် ပျက်စီးမှု မရှိစေရေး စနစ်တကျ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် Hardware များ ပျက်စီးထိခိုက်မှုရှိ မရှိ စစ်ဆေးခြင်း၊ CT Simulator အခန်း၊ စက်ခန်း ၃ နှင့် ၄ အတွင်းအပြင်၊ Planning အခန်းနှင့် Control Room များအတွင်း မီးခိုးမှိုင်းများကြောင့် နံရံများ တံခါးများ အတွင်းအပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်ခန်း ၃ အတွင်း စက်ဆင်ထားရာ အောက်ခြေ Base Plate အတွင်း ရေဝင်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှု မများစေရန် ရေစုပ်ထုတ်ခြင်း၊ အခြောက်ခံခြင်းနှင့် Treatment Couch များ ရေငွေ့ကြောင့် သံချေးတက် ပျက်စီးခြင်း မရှိစေရန် သန့်စင်ဆေးရည်များဖြင့် သန့်ရှင်းရေးကို စနစ်တကျ ထိန်းသိမ်းပြုလုပ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် မျက်နှာနှင့် လည်ပင်းပိုင်းဆိုင်ရာ ရောင်ခြည်ကုထုံး ယူနေသော လူနာများအတွက် အသုံးပြုသည့် ပုံသွင်း Thermoplastic Cast များကို တစ်ခုချင်းစီ သန့်ရှင်းရေး ပြုလုပ်ရခြင်းနှင့် စနစ်တကျ ပြန်လည် ထိန်းသိမ်းရခြင်း၊ စက်များ ပြန်လည်မောင်းနှင်နိုင်ရေးအတွက် လိုအပ်သော Electric Wire များ ပြန်လည် ချိတ်ဆက် တပ်ဆင်နိုင်ရေးအတွက် လမ်းကြောင်းများ ပြန်လည်ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ ယခုအခါ လျှပ်စစ်ဝါယာကြိုးများ ပြန်လည်ချိတ်ဆက်နိုင်ရေး စီစဉ်ထားလျက် ရှိကြောင်းနှင့် ချိတ်ဆက်မှု ပြီးစီးပါက စက်များမှ ရောင်ခြည်ကုထုံး စတင်နိုင်ရေးအတွက် သတ်မှတ်ရောင်ခြည် စံနှုန်း ကိုက်ညီမှုရှိ မရှိ စစ်ဆေးနိုင်ရေး လုပ်ငန်းများ အမြန်စတင်နိုင်ရေး စီမံထားရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အသိပေး ထုတ်ပြန်ထားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် ဓာတ်ရောင်ခြည်ကုထုံးများ ပြန်လည်စတင်နိုင်မည့် နေ့ရက်ကို ပြန်လည် ကြေညာပေးမည် ဖြစ်ကြောင်းလည်း အသိပေး ကြေညာထားသည်။

Most Read

Most Recent