ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် တပ်မတော်အရာရှိကြီးများနှင့် အရပ်သားပုဂ္ဂိဳုလ်များအား နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်း

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် တပ်မတော်အရာရှိကြီးများနှင့် အရပ်သားပုဂ္ဂိဳုလ်များအား နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်း
Published 4 January 2021
ပြည့်ဖြိုးအောင်

နိုင်ငံတော်သမ္မတက ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်း အပါအဝင် တပ်မတော်အရာရှိကြီးများနှင့် အရပ်သားပုဂ္ဂိုလ်များကို  ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းကြောင်း ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရသိရသည်။

ထို့သို့ ချီးမြှင့်အပ်နှင်းရာတွင် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များအဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား သရေစည်သူဘွဲ့ကို ချီးမြှင့်ခဲ့သည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး (ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်ရေးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီးဆန််းဦး၊ စစ်ထောက်ချုပ်ရုုံး ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ (ငြိမ်း) တို့အား စည်သူဘွဲ့ကို ချီးမြှင့်ခဲ့သည်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့တွင် သူရဘွဲ့အား အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှ ဒုတိယတပ်ကြပ် သက်ရှည်ကို ချီးမြှင့်ခဲ့သည်။

အလားတူ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တွင် ဇေယျကျော်ထင်ဘွဲ့ကို စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့အတူ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် အပါအဝင် ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်အရာရှိကြီး ၁၅ ဦးကိုလည်း ဇေယျကျော်ထင်ဘွဲ့ကို နိုင်ငံတော်သမ္မတက ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဝဏ္ဏကျော်ထင်ဘွဲ့ကို Pacific-AA Group/AA Medical Products Ltd ဥက္ကဋ္ဌ ဦးဇော်မိုးခိုင် နှင့် ထာဝရကုမ္ပဏီများအုပ်စု  ဥက္ကဋ္ဌ ဦးမောင်ကိုတို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

 တပ်မတော်ဆိုင်ရာ စွမ်းရည််သတ္တိဂုဏ်ထူးဆောင်တံဆိပ် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်များကို အမှတ်(၂၀၈)ခြေမြန် တပ်ရင်းမှ ဗိုလ်မှူးနေစံထွန်းအပါအဝင်  ဗိုလ်ကြီး၊ တပ်ကြပ်ကြီး၊ တပ်သား နှစ်ဦးနှင့် အမှတ် (၃၇၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦးနှင့် ဒုတိယတပ်ကြပ် တစ်ဦးတို့ကို ချီးမြှင့်ခဲ့သည်။

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များတွင် လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မှ ဦးအောင်မိုးနှင့် လူမှုထူးချွန်တံဆိပ် (တတိယဆင့်) မရမ်းကုန်းမြို့မှ YP 7 Co,Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးရူပတို့ကို  ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပညာရပ်ဆိုင်ရာထူးချွန််တံဆိပ်များတွင် သိပ္ပံပညာထူးချွန်တံဆိပ် (ပထမဆင့်) ကို မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့်အရည်အသွေးအာမခံမှု အကဲဖြတ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တောမောင်မောင်ဝင့် ၊အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာဒေါ်အေးကြည်၊ ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာန အချိန်ပိုင်းပါမောက္ခ ဦးမောင်ကိုနှင့် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးများအပါအဝင် ၁၂ ဦးတို့ကို ချီးမြှင့်ခဲ့သည်။

ထို့ပြင် ၀ိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမဆင့်) ကို အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ အဖွဲ့ဝင် ဒေါက်တာကျော်ဝင်း၊ ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန အချိန်ပိုင်းပါမောက္ခ ဒေါ်ရင်မေ၊ သမိုင်းဌာန အချိန်ပိုင်းပါမောက္ခ ဒေါက်တာခင်မောင်ညွှန့် ဒဿနိကဌာန အချိန်ပိုင်းပါမောက္ခ သုံးဦး၊ မြန််မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ အမှုဆောင်အဖွဲ့ဝင် တစ်ဦး၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန မြန်မာစာအဖွဲ့ဝင် ကိုးဦး စုစုပေါင်း ၁၅ ဦး ချီးမြှင့်ခဲ့ပြီး အနုပညာထူးချွန်တံဆိပ် (ပထမဆင့်) ကို ဆိုင်းပညာရှင် ဦးစိန်မြအောင်ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent