ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေဖက်ဒရယ်ဝါဒပေါ်ထွန်းရေးကို အခြေခံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်နှင့် ဆွေးနွေးရန်အသင့်ရှိကြောင်း NLD ပါတီဆို

ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေဖက်ဒရယ်ဝါဒပေါ်ထွန်းရေးကို အခြေခံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်နှင့် ဆွေးနွေးရန်အသင့်ရှိကြောင်း NLD ပါတီဆို
Published 12 December 2020
အောင်မင်းသိန်း

ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေဖက်ဒရယ်ဝါဒပေါ်ထွန်းရေးကို အခြေခံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ  ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီဗဟိုရုံးချုပ်(ယာယီ)တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်နှင့် ဆွေးနွေးမှုရှိ၊ မရှိ မီဒီယာများ၏ မေးမြန်းမှုကို ဒေါက်တာမျိုးညွန့်က ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်က အကယ်၍ ကျွန်တော်တို့နဲ့ဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့က အမြဲတမ်းအသင့်ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က ဦးထိပ်ထားရာမှာကတော့ နိုင်ငံရဲ့ အရေးအကြီးဆုံးပြဿနာဖြစ်တဲ့ ကျွန်တော်တို့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဝါဒပေါ်ထွန်းရေး၊ ဒီအချက်အပေါ်မှာ အခြေခံရင် ကျွန်တော်တို့ မဆွေးနွေးနိုင်စရာ ဘာမှမရှိပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လာမည့်လွှတ်တော်သက်တမ်းတွင် တိုင်းရင်းသားပါတီများက လိုလားနေသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန်အတွက် စဉ်းစားရန်ရှိပါသလားဆိုသည့် မေးမြန်းမှုကို “ ကျွန်တော်တို့ပုဒ်မ ၂၆၁ က တကယ်တော့ တပ်မတော်သား ပါဝင်မှု ၂၅ ရာခိုင်နှုန်းကြောင့် ဖြစ်နေတာပါ။ အဲတော့ ကျွန်တော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ဖြစ်အောင် ကျွန်တော်တို့ ပြင်နိုင်ပြီဆိုရင် ဒီ ၂၆၁ ကလည်း သိပ်အရေးမကြီးတော့ဘူး။ ဒါကြောင့်မလို့ ပြောင်းလဲနိုင်တဲ့အခြေအနေရောက်လာမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

 

Most Read

Most Recent