ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများကို အခြေခံ၍ ဟန်ချက်ညီအကောင်ထည်ဖော်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဖြစ်ပေါ်ရေးအတွက် အစိုးရအစုအဖွဲ့ဘုံသဘောထားရယူခြင်းများ ဆောင်ရွက်

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများကို အခြေခံ၍ ဟန်ချက်ညီအကောင်ထည်ဖော်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဖြစ်ပေါ်ရေးအတွက် အစိုးရအစုအဖွဲ့ဘုံသဘောထားရယူခြင်းများ ဆောင်ရွက်
ဒီဇင်ဘာ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန၌ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် သုံးသပ်ပြင်ဆင်ခြင်းအစည်းအဝေး ဒုတိယနေ့ကျင်းပစဉ်
ဒီဇင်ဘာ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန၌ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် သုံးသပ်ပြင်ဆင်ခြင်းအစည်းအဝေး ဒုတိယနေ့ကျင်းပစဉ်
Published 8 December 2020
အောင်မင်းသိန်း

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်အလိုက် အကောင်အထည်ဖော်မှုများကိုအခြေခံ၍ လက်တွေ့ကျသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးအပါအဝင် အဆင့်လိုက် သဘောတူညီချက်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဟန်ချက်ညီဖော်ဆောင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဖြစ်ပေါ်လာရေးတို့ကို အသေးစိတ်ဆွေးနွေးညှိနှိုင်းပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော် ပါဝင်သည့် အစိုး ရအစုအဖွဲ့၏ ဘုံသဘောထားရယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ဒီဇင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် သုံးသပ်ပြင်ဆင်ခြင်းအစည်းအဝေး ဒုတိယနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။

“ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကိုအခြေခံ၍ လက်တွေ့ကျသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဖြစ်ပေါ်လာရေး၊ ရရှိလာသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်မည့် ယန္တရားများ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ်များပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ဖြစ်ပေါ်လာရေး၊ အဆင့်လိုက် သဘောတူညီချက်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဟန်ချက်ညီဖော်ဆောင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေး စသည်တို့ကို အသေးစိတ် ဆွေးနွေးညှိနှိုင်းပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော် ပါဝင်သည့် အစိုးရအစုအဖွဲ့၏ ဘုံသဘောထား ရယူခြင်းများ ဆောင်ရွက်ကြသည်” ဟု NRPC က ထုတ်ပြန်ထားသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် သုံးသပ်ပြင်ဆင်ခြင်း အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၀ ခုနှစ် သြဂုတ် ၂၁ ရက် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁) (နောက်ဆက်တွဲ-ခ) နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက် ငါးချက် (နောက်ဆက်တွဲ-ဂ) တို့ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် ချုပ်ဆိုခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း (၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁) တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင့် (၁) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာ အခြေခံများတည်ဆောက်ရေး၊ အဆင့် (၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေး၊ အဆင့် (၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာများတွင် ဖက်ဒရယ်တည်ဆောက်ရေး၊ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ၊ မြေယာနှင့် သယံဇာတ၊ ဒီမိုကရေစီတည်ဆောက်ရေး၊ လူမှုသဟဇာတဖြစ်ရေး၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး (NCA အပိုဒ် ၃ဝနှင့်အညီ) စသည့် အချက်များ ပါဝင်သည်။