ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းသင်းထံ ပြောင်းရွှေ့ရန် ဒီဘားလား ဆန္ဒရှိနေ

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းသင်းထံ ပြောင်းရွှေ့ရန် ဒီဘားလား ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 7 December 2020

ဂျူဗင်တပ်စ်အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

ဒီဘားလား(၂၇ နှစ်)သည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၂ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုထားသော်လည်း နည်းပြသစ် ပီယာလိုလက်ထက်တွင် ပုံမှန်နေရာရရန် ရုန်းကန်လာရသည့်အတွက် အသင်းနှင့် လမ်းခွဲလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီဘားလားသည် ၂၀၁၉ ခုနှစ်ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ဖူးပြီး မန်ယူနှင့် စပါးအသင်းတို့ထံ ရောက်ရှိမည်ဟု သတင်းထွက်ခဲ့ဖူးသည်။

ယခုအခါ လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် လိုလားနေပြီး ထိပ်သီး(၆)သင်းဝင်စာရင်းထဲမှ အသင်းတစ်သင်းထံ ၎င်းအား ခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ဒီဘားလားကို ရီးယဲလ်နှင့် အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၎င်းက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန်သာ ပိုမိုဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent