မာရာဒိုနာပြတိုက်ဖွင့်လှစ်ရန် နာပိုလီအသင်း စီစဉ်

မာရာဒိုနာပြတိုက်ဖွင့်လှစ်ရန် နာပိုလီအသင်း စီစဉ်
Photo: Napolifan
Photo: Napolifan
Published 7 December 2020

နာပိုလီအသင်းသည် ကွယ်လွန်သူ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာအတွက် အမှတ်တရပြတိုက်ဖွင့်လှစ်ရန် စီစဉ်နေသည်။

မာရာဒိုနာ ကွယ်လွန်ပြီးနောက် နာပိုလီအသင်းသည် အိမ်ကွင်း ဆန်ပေါ်လိုကို မာရာဒိုနာ၏ အမည်ပြောင်းလဲ၍ ဂုဏ်ပြုခဲ့ပြီးဖြစ်သည်။

ယခုအခါ ကွင်းအတွင်းတွင် မာရာဒိုနာအမှတ်တရ ပြတိုက်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်သည် ဆန်ပေါ်လိုကွင်းကို မာရာဒိုနာအမည်ပြောင်းလဲဂုဏ်ပြုသည့် အခမ်းအနားတွင် ယင်းအစီအစဉ်အား အရိပ်အမြွက် ပြောကြားခဲ့သည်။

ထို့ ပြင် နေပယ်မြို့ရှိ ကူမာနာမြေအောက်ဘူတာရုံကိုလည်း မာရာဒိုနာ၏အမည် ထည့်သွင်းကာ Mostra Stadio Maradona ဟု ပြောင်းလဲဂုဏ်ပြုခဲ့သည်။

မာရာဒိုနာသည် နာပိုလီအသင်းအတွက် စီးရီးအေချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး သွင်းဂိုးများစွာ သွင်းယူပေးနိုင်ခဲ့သူဖြစ်ကာ နေပယ်မြို့မှ နာပိုလီအသင်းပရိသတ်များ၏ အထူးချစ်မြတ်နိုးသူလည်း ဖြစ်သည်။

Most Read

Most Recent