ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်
Published 3 December 2020

ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်-၄ အပြီးမှာတော့ အာဆင်နယ်၊ လက်စတာ၊ ရိုးမားနဲ့ ဟော်ဖန်ဟင်မ်အသင်းတွေ နောက်တစ်ဆင့်တက်ခွင့်ကို အရယူနိုင်ခဲ့ကြပါတယ်။ အခုပွဲစဉ်မှာလည်း နောက်တစ်ဆင့်တက်မယ့်အသင်းတွေ ထပ်မံထွက်ပေါ်လာမှာဖြစ်တဲ့အပြင် အသင်းတချို့ကလည်း ဇယားထိပ်ဆုံးနေရာကိုပါ သေချာပေါက်ဆုပ်ကိုင်နိုင်တော့မယ့် အနေအထားရှိနေပါတယ်။ ပွဲစဉ် (၅)မှာ စပါး၊ အေစီမီလန်၊ နာပိုလီ၊ လေဗာကူဆင်နဲ့ ဗီလာရီးယဲလ်အသင်းတွေ ရှုံးထွက်အဆင့် တက်ရောက်ဖို့ နီးစပ်နေပါတယ် . . .

LASK နှင့် စပါး (သောကြာနံနက် ၀၀း၂၅ နာရီ)

စပါးအသင်းက အခုပွဲ သရေကစားနိုင်ရင်ပဲ နောက်တစ် ဆင့်တက်ပါပြီ။ ဒါပေမဲ့ အခုလိုအုပ်စုမှာ ဂုဏ်သိက္ခာအရ ပထမနေရာရယူနိုင်ဖို့က စပါးအသင်းအတွက် အထိုက်အလျောက် အရေးပါနေတယ်။ စပါးအသင်းက ပရီးမီးယားလိဂ်ပွဲကျပ်တွေ တောက်လျှောက်ကစားနေရလို့ အခုပွဲမှာလည်း လူဒိုဂိုရတ်စ်နဲ့ပွဲကလို တစ်သင်းလုံးနီးပါး အပြောင်းအလဲလုပ်ပြီး ကစားသွားဦးမှာပါ။ သြစတြီးယားချန်ပီယံ LASK အသင်းက ပြီးခဲ့တဲ့ရာသီတုန်းကလို မာကျောမှုမျိုး မရှိတော့တာ ထည့်တွက်ရမှာဖြစ်ပြီး မော်ရင်ဟိုရဲ့ အရန်အင်အားနဲ့ယှဉ်ရင်လည်း ကွာဟချက်များပါတယ်။ စပါးဘက်ကပဲ ရပ်တည်သင့်တယ်။

အေစီမီလန် နှင့် ဆဲလ်တစ် (သောကြာနံနက် ၀၀း၂၅ နာရီ)

စပါတာပရပ်ဂ်အသင်းရဲ့ မထင်မှတ်ဘဲ ဖိအားပေးလာမှုကြောင့် အေစီမီလန်အသင်း ပြန်အာရုံစိုက်ကစားရတော့မယ့် အနေအထား ရောက်လာတယ်။  ပွဲကိုင်တွယ်ခွင့်မရသေးတဲ့ အေစီမီလန်နည်းပြ ပီအိုလီက အီဘရာဟီမိုဗစ် မကစားနိုင်သေးတဲ့ အထောင်တိုက်စစ်နေရာအတွက် အမျိုးမျိုးစမ်းသုံးနေတာ တွေ့ရတယ်။ အခု အေစီမီလန်အသင်း ဆုံတွေ့ရမယ့် ပြိုင်ဘက် ဆဲလ်တစ်က အုပ်စုက ပြုတ်ပြီးသားအသင်းဖြစ်လို့ အိမ်ရှင်အတွက် တစ်ပန်းသာနေတယ်။ ဆဲလ်တစ်က အခုရာသီမှာ ရှိရင်းစွဲအဆင့်ထက်တောင် ကျဆင်းနေပြီး အတော်လေး ရုန်းကန်နေရတဲ့အသင်းပါ။ အေစီမီလန် ဂိုးပြတ်ဖို့များတယ်။

ဇော်ယာ နှင့် လက်စတာ (သောကြာနံနက် ၀၀း၂၅ နာရီ)

လက်စတာအသင်း အုပ်စုပထမနေရာရဖို့အတွက် နိုင်ပွဲတစ်ပွဲတော့ လိုနေသေးတယ်။ ဇော်ယာက နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် အနည်းငယ်ရှိနေသေးတယ်။ လက်စတာပဲ အနိုင်ရဖို့များတယ်။

အာဆင်နယ် နှင့် ရက်ပစ်ဝီအန် (သောကြာနံနက် ၂း၃၀ နာရီ)

အာဆင်နယ်အသင်းက အုပ်စုပထမနေရာရဖို့အတွက် သရေတစ်မှတ်လောက်ပဲ လိုပါတော့တယ်။ ဒါပေမဲ့ အာဆင်နယ်က အခုပွဲကို ခြေချော်လက်ချော် အရေးနိမ့်သွားရင်တောင် အုပ်စုထိပ်ဆုံးအတွက် အခွင့်အရေးကောင်းနေဆဲဆိုတာကို ထည့်တွက်ရမယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ဝုလ်ဗ် နဲ့ ပွဲကျပ်ကစားခဲ့ရပြီး လာမယ့်ပွဲစဉ်မှာလည်း စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲရှိနေလို့ အခုပွဲကို ဖိဖိစီးစီးကစားဖို့ သိပ်မဖြစ်နိုင်လောက်ဘူး။ ရက်ပစ်ဝီအန်က အခုပွဲ သရေတစ်မှတ်လောက်ယူထားနိုင်မှ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနိုင်တယ်။ ရက်ပစ်ဝီအန်ကို အရဲစွန့်ရွေးချင်တယ်။

ဆီဗက်စပေါ် နှင့် ဗီလာရီးယဲလ် (သောကြာနံနက် ၀၀း၂၅ နာရီ)

ဆီဗက်စပေါ်အသင်းမှာ အရူနာကိုနေး၊ ဂရာဒယ်တို့လို အိုင်ဗရီကို့စ်ကစားသမားတွေရှိပါတယ်။ ဗီလာရီးယဲလ်က အဖက်ဖက်ကသာတဲ့အသင်းဆိုပေမဲ့ အဝေးကွင်းဆိုရင် သိပ်စိတ်ချရတဲ့အသင်းမဟုတ်တာ ထည့်တွက်ရမယ်။ ဆီဗက်စပေါ် နဲ့ စွန့်စားသင့်တယ်။

ရိုးမား နှင့် ယန်းဘွိုင်းစ် (သောကြာနံနက် ၂း၃၀ နာရီ)

အုပ်စုပထမနေရာလုပွဲဆိုပေမဲ့ အသင်းနှစ်သင်းအကြား ခြေအဆင့်အတန်းတော့ ခြားနားပါတယ်။ ဒီရာသီ အိမ်ကွင်းရှုံးပွဲ မရှိသေးတဲ့အပြင် နောက်ဆုံး(၃)ပွဲဆက် Clean Sheet ရရှိ ထားတဲ့ ရိုးမား အနိုင်သေချာပါတယ်။

အယ်လ်ခမာ နှင့် နာပိုလီ (သောကြာနံနက် ၂း၃၀ နာရီ)

    ရီယဲလ်ကာနဲ့ (၂)ပွဲဆက်ကစားရလို့ နာပိုလီအသင်း အုပ်စုထိပ်ဆုံးရောက်လာပေမဲ့ သိပ်တော့ ယုံကြည်လို့မရသေးပါဘူး။  အဆင့်ချင်းကွာပေမဲ့ အယ်လ်ခမာကိုပဲ ဆက်လက်ယုံကြည် ထားချင်တယ်။

အခြားပွဲစဉ်များ

AEK အေသင်    -    စပို့တင်းဘရာဂါ *     (ဝ-၃)

* လိုင်လီ    -    စပါတာပရပ်ဂ်    (၄-၁)

* ကာရာဘတ်    -    မက္ကာဘီတဲလ်အဗစ်    (ဝ-၁)

အန့်ဝပ်    -    လူဒိုဂိုရတ်စ် *     (၂-၁)

CSKA မော်စကို    -    ဝုလ်ဖ်ဘာဂါ *     (၁-၁)

* ဖီယင်နု    -    ဒိုင်နမိုဇာဂရက်    (ဝ-၀)

ဇဗက်ဒါ    -    ဟော်ဖန်ဟင်မ် *     (ဝ-၂)

KAA ဂျန့်    -    ဆလိုဗန်လီဘရက် *     (ဝ-၁)

ကလုချ်    -    CSKA ဆိုဖီယာ *     (၂-ဝ)

* မိုလ်ဒီ    -    ဒန်ဒေါ့ခ်    (၂-၁)

* ဆလားဗီးယားပရပ်ဂ်    -    ဟာပိုးဘီအာရှီဗာ    (၁-၃)

နိုက်စ်    -    လေဗာကူဆင် *     (၂-၆)

* ဘင်ဖီကာ    -    လက်ချ်ပေါ့နန်    (၄-၂)

* ရိန်းဂျားစ်    -    စတန်းဒတ်လိဂ်    (၂-ဝ)

* အိုမိုနီးယားနီကိုးရှား    -    PAOK    (၁-၁)

ဂရန်နာဒါ    -    PSV *     (၂-၁)

* ဆိုစီဒက်    -    ရီယဲလ်ကာ    (၁-ဝ)

( - ) ထဲမှ ရလဒ်များမှာ ပထမအကျော့ရလဒ်များ ဖြစ်ပါသည်။

Most Read

Most Recent