ဒေါ့မွန်အသင်းသည် အင်တာမီလန်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ အဲရစ်ဆင်သည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပါးအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
သို့သော် အဲရစ်ဆင်သည် အင်တာမီလန်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေပြီး နည်းပြဖြစ်သူ ကွန်တီနှင့်လည်း ဆက်ဆံရေး အဆင်မပြေဟု သတင်းများထွက်ပေါ်နေသည်။
ထို့ပြင် အဲရစ်ဆင်သည် အင်တာမီလန်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရခြင်းကို စိတ်ပျက်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ရန် စီစဉ်နေကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
အဲရစ်ဆင်အား ခေါ်ယူရန် အသင်းဟောင်း စပါးနှင့် အာဆင်နယ်အသင်းတို့ စိတ်ဝင်စားနေကြပြီး ယခုအခါ ဒေါ့မွန်အသင်းကပါ ၎င်းကို ခေါ်ယူရန် စောင့်ကြည့်နေခြင်းဖြစ်သည်။
အဲရစ်ဆင်သည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲသာ ကစားထားရသေးပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။















