ရန်ကုန်တိုင်းအတွင်း ရပ်ဆိုင်းထားရသော ဆောက်လုပ်ရေးလုပ်ငန်းများ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ချက် ၁၈ ချက်ဖြင့် ပြည့်စုံစွာတင်ပြပါက ချက်ချင်းပြန်လည်ခွင့်ပြုမည်

ရန်ကုန်တိုင်းအတွင်း ရပ်ဆိုင်းထားရသော ဆောက်လုပ်ရေးလုပ်ငန်းများ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ချက် ၁၈ ချက်ဖြင့် ပြည့်စုံစွာတင်ပြပါက ချက်ချင်းပြန်လည်ခွင့်ပြုမည်
ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးဆိုင်ရာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးဆိုင်ရာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 21 November 2020
ဇေယျာငြိမ်း

ရန်ကုန်တိုင်းအတွင်း ရပ်ဆိုင်းထားရသော ဆောက်လုပ်ရေးလုပ်ငန်းများ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ချက် (၁၈) ချက်ဖြင့် ပြည့်စုံစွာတင်ပြပါက ချက်ချင်း ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ အဓိကတော့ တချို့က ဘယ်တင်ရမ လဲမသိဘူး။ ဒီနေ့ပြောသလိုဘယ်ကိုတင်ရမယ်။ ကျွန်တော်တို့ ဘယ်လိုခွင့်ပြုပေးမယ်။ အဲအချက်နှစ်ချက်က အရေးအကြီးဆုံးပဲ။ တင်ရမှာက Email နဲ့ တင်ရမယ်။ တင်တာနဲ့ ချက်ချင်းခွင့်ပြုပေးမယ်။ စစ်ဆေးတာက နောက်မှစစ်ဆေးမယ်။ စစ်ဆေးလို့မကိုက်ညီမှ လုပ်ငန်းကိုယာယီရပ်မှာ။ သူလိုအပ်တာပြင်ဆင်လိုက် ချက်ချင်းပြန်ဖွင့်ပေးမယ်” မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ဆောင်ရွက်လိုသော ဆောက်လုပ်ရေး စီမံကိန်းများသည် “ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာကြီးကြပ်မှုကော်မတီ” သို့ လိပ်မှုသည့် လျှောက်လွှာနှင့်အတူ လုပ်ငန်းခွင်များ၌ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ထားသည့် Check List ပုံစံ ၁၈ ချက်တွင် မိမိလုပ်ငန်း ခွင်နှင့် လိုက်လျောညီထွေရှိသည့်အချက်များကို လိုက်နာဆောင်ရွက်ထားရှိကြောင်း Check List ပုံစံ စသည်တို့ကို Email ဖြင့် ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

“ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ ကျွန်မတို့ကော်မတီကို ဒီ ၁၈ ချက်နဲ့အညီ Version 4.0 နဲ့ အညီ ဆောင်ရွက်ခဲ့ကြောင်း တင်ပြရမယ်။ နောက်ပြီး ဒီ Version 4.0 မှာပါတဲ့ အချက် တွေအတိုင်း ဆောင်ရွက်ပါမယ်လို့ ကတိပြုတဲ့ စာရွက်နဲ့တင်ရမှာဖြစ်ပါတယ်။ Version 4.0 ကို ဘယ်မှာကြည့်မလဲဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့  ကြေညာချက် Website ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ Website ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ Website ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်းများအသင်း Facebook Page မှာလည်းကြည့်လို့ရပါတယ်။ အချက် (၁၈) ချက်ကိုပဲ ကိုင်ပြီးစစ်မှာ ဒီထက်ပိုပြီးစစ်မှာ မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လျှောက်လွှာများ လျှောက်ထားရာတွင် မိမိလုပ်ဆောင်နေသော စီမံကိန်းတည်ရှိရာ နေရာအလိုက် သတ်မှတ်ထားသည့် ခရိုင်များသို့ Email ဖြင့် လျှောက်ထားရမည်ဖြစ်သည်။ ယင်းသို့ လျှောက်ထားရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခရိုင်သတ်မှတ်ချက်ဖြင့် လျှောက်ထားရမည်မဟုတ်ဘဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်သတ်မှတ်ချက်များအတိုင်း လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားနိုင်သည့် Email လိပ်စာများမှာ ဦးမြင့်နိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန) myintnaing.duhd@gmail နှင့် ဦးမျိုးမြင့် (အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်) [email protected] သို့ ပေးပို့လျှောက်ထားနိုင်သည်။

ထို့ပြင် တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒေါပုံ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သာကေတ၊ သင်္ဃန်းကျွန်း စသည့်မြို့နယ်များရှိ ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် အရှေ့ပိုင်းခရိုင်စစ်ဆေးရေးအဖွဲ့၊ ဒေါ်သင်းသင်းမော် (လက်ထောက်ညွှန်ကြားရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန) ၏ ဖုန်း- ၀၉ ၇၉၉၈၆၂၄၆၆ နှင့် ့် [email protected] သို့ လျှောက်ထားရမည်ဖြစ် သည်။

ကမာရွတ်၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်၊ လသာ၊ လမ်းမတော်၊ အလုံ စသည့်မြို့နယ်များရှိ ဆောက်လုပ်ရေး စီမံကိန်းများအနေဖြင့် အနောက်ပိုင်းခရိုင် စစ်ဆေးရေးအဖွဲ့၊ ဒေါ်ကြည်ကြည်မွန် (လက်ထောက်ညွှန်ကြားရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန) ဖုန်း- ၀၉ ၄၂၈၆၂၄၃၀၈ နှင့် [email protected] သို့ ဆက်သွယ်လျှောက်ထားရမည်ဖြစ်သည်။

ကိုကိုးကျွန်း၊ ကော့မှူး၊ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ခရမ်း၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ဒလ၊ သန်လျင်၊ သုံးခွ စသည့်မြို့နယ်များရှိ ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် တောင်ပိုင်းခရိုင်စစ်ဆေးရေးအဖွဲ့၊ ဒေါ်သန်းသန်းဦး (လက်ထောက်ညွှန်ကြားရေးမှူး) ဖုန်း-၀၉ ၄၅၈၀၂၃၅၂၇ နှင့် than2 [email protected] သို့ လျှောက်ထားရ မည်ဖြစ်သည်။

တိုက်ကြီး၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှည်းကူး၊ လှိုင်သာယာ (အရှေ့ပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း)၊ အင်းစိန် စသည့်မြို့နယ်များရှိ ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် ဦးကျော်သန်းဋ္ဌေး (လက်ထောက်ညွှန်ကြားရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန) ဖုန်း- ၀၉ ၄၀၀၄၆၂၇၉၉ နှင့် [email protected] သို့ လျှောက်ထားနိုင်သည်။