လက်ရှိ စပါးအသင်းသည် အခြားဥရောပလိဂ်ပြိုင်ပွဲများစွာတွင်ယှဉ်ပြိုင်ပါက အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်သည့်အသင်းမျိုးဟု မော်ရင်ဟိုဆို

လက်ရှိ စပါးအသင်းသည် အခြားဥရောပလိဂ်ပြိုင်ပွဲများစွာတွင်ယှဉ်ပြိုင်ပါက အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်သည့်အသင်းမျိုးဟု မော်ရင်ဟိုဆို
Photo: Getty Images
Photo: Getty Images
Published 9 November 2020

စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက လက်ရှိစပါးအသင်းသည် ပရီးမီးယားလိဂ်တွင် ကစားနေခြင်းမဟုတ်ဘဲ အခြားဥရောပလိဂ် အတော်များများတွင် ကစားနေပါက ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့်အသင်းမျိုးဖြစ်သည်ဟု သုံးသပ်ပြောကြားသွားခဲ့သည်။

မော်ရင်ဟို၏ စပါးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် အဲဗာတန်အသင်းကို ရာသီအဖွင့်ပွဲ၌ ရှုံးခဲ့ပြီးကတည်းက တောက်လျှောက်ရှုံးပွဲမရှိကစားနေပြီး၊ ယခုအချိန်တွင် အမှတ်ပေးဇယား အဆင့် (၂)နေရာတွင် ရပ်တည်လျက်ရှိသည်။

ယင်းအတွက်ကြောင့် ဂျာနယ်လစ်များက ယခုရာသီချန်ပီယံမျှော်လင့်ချက်အတွက် မေးမြန်းခဲ့ရာ မော်ရင်ဟိုက "ကျွန်တော်ပြောနိုင်တာကတော့ ဒီအသင်းဟာ ဥရောပနိုင်ငံတော်တော်များများမှာတော့ ချန်ပီယံဖြစ်နိုင်တဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက အခက်ခဲဆုံးလိဂ်ဖြစ်လို့ ချန်ပီယံဖြစ်လာဖို့ မလွယ်ကူပါဘူး။ ပရီးမီးယားလိဂ်မှာ ရာသီကောင်းတစ်ခုကို ဖြတ်သန်းနိုင်တယ်။ ရမှတ်ပေါင်းများစွာကို ယူနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်ဆိုတဲ့အသင်းကြီးတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရာသီကောင်းတစ်ခုတော့ ရနိုင်တယ်။ ချန်ပီယံဖြစ်ဖို့ မလွယ်ပါဘူး။ ဒါဆိုရင် ကျွန်တော်တို့က ဘာလုပ်ရမလဲ။ တစ်ပွဲချင်းစီကို အနိုင်ကစားသွားဖို့ပဲ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ နိုင်ပွဲတွေကို ရသလောက်ရှာဖွေသွားပါမယ်။ တခြားအသင်းတွေရဲ့ရလဒ်တွေကို ဂရုမစိုက်ပါဘူး။ ရမှတ်တွေကို ရနိုင်သလောက်ယူပြီးရင် ရာသီကုန် ဘယ်နေရာမှာ ရပ်တည်မလဲဆိုတာကိုကြည့်ပါမယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent