ကိုရီးယား-မြန်မာစက်မှုဇုန်၏ အရောင်းနှင့်စျေးကွက်အပိုင်းအား လာမည့်နှစ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး စျေးကွက်အခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ စက်မှုဇုန်များ၏ အရောင်းတန်ဖိုးကိုလိုက်၍ စျေးနှုန်းသတ်မှတ်မည်

ကိုရီးယား-မြန်မာစက်မှုဇုန်၏ အရောင်းနှင့်စျေးကွက်အပိုင်းအား လာမည့်နှစ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး စျေးကွက်အခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ စက်မှုဇုန်များ၏ အရောင်းတန်ဖိုးကိုလိုက်၍ စျေးနှုန်းသတ်မှတ်မည်
ကိုရီးယား- မြန်မာစက်မှုဇုန်စီမံကိန်းပုံစံအား တွေ့ရစဉ်(ဓာတ်ပုံ-KMIC)
ကိုရီးယား- မြန်မာစက်မှုဇုန်စီမံကိန်းပုံစံအား တွေ့ရစဉ်(ဓာတ်ပုံ-KMIC)
Published 5 November 2020

ကိုရီးယား-မြန်မာစက်မှုဇုန်၏ အရောင်းနှင့် စျေကွက်အပိုင်းအား လာမည့်နှစ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး စျေးကွက်အခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ စက်မှုဇုန်များ၏ အရောင်းတန်ဖိုးအားလိုက်၍ စျေးနှုန်းသတ်မှတ်မည်ဖြစ်ကြောင်း Korea-Myanmar Industrial Complex-KMIC Development Co.,Ltd မှ သိရသည်။

ထို့ပြင် အစိုးရအရာရှိများမှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် စက်ရုံတည်ဆောက်ရေး လုပ်ငန်းများအစရှိသည်တို့အား လွယ်ကူသော လုပ်ငန်းစဉ်များဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် KMIC Easy Service Center အား  တည်ထောင်မည်ဖြစ်သည်။ KMIC သည် ဝင်ရောက်လာမည့်ကုမ္ပဏီများထံ ပွင့်လင်းမြင်သာ၍ လွယ်ကူသောလုပ်ငန်းစဉ်များအား ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရမှ လှည်းကူးမြို့နယ်ရှိ အစိုးရပိုင်မြေအားထောက်ပံ့၍ လျှပ်စစ်ဓာတ်အား၊ ရေအသုံးပြုမှုနှင့် ချဉ်းကပ်လမ်းတို့အား ကိုရီးယားအစိုးရ၏ ငွေကြေးအထောက်အပ့ံဖြင့် အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံများနှင့် အချက်အချာကျသော တည်နေရာတို့ပေါင်းစပ်မှုကြောင့် ကုမ္ပဏီများအား အလားအလာရှိသောစျေးကွက်ကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ မြေဧက ၅၅၀ ကျော်ပေါ်၌ မြန်မာ-ကိုရီးယား ပူးပေါင်းဖွဲ့စည်း ထားသည့် KMIC က ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီစက်မှုဇုန် စီမံကိန်းကို လာမည့် ၂၀၂၅ ခုနှစ်အပြီး တည်ဆောက်ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

“ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာ ဒေါ်လာသန်း ၁၂၀  ရင်းနှီးမြှုပ်နှံမယ့် စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Korea Land and Housing Corporation တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ KMIC Development Co.,Ltd က ၂၀၂၅ ခုနှစ်မှာ အပြီးဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent