တပ်မတော်၏ ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲကို မတည်မငြိမ်ဖြစ်စေရန် အားပေးရာရောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပေါ်ပြူလာသတင်းဌာနသို့ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား

တပ်မတော်၏ ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲကို မတည်မငြိမ်ဖြစ်စေရန် အားပေးရာရောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပေါ်ပြူလာသတင်းဌာနသို့ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား
Published 4 November 2020

တပ်မတော်၏ ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲကို မတည်မငြိမ်ဖြစ်စေရန် အားပေးရာရောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပေါ်ပြူလာသတင်းဌာနသို့ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နိုင်ငံ​တော်သမ္မတအိမ်​တော် သတင်းစာရှင်းလင်းခန်းမ၌ ပြုလုပ်သည့် Special Press Briefing အဖွင့်​ပြောကြားရာတွင် ဦး​ဇော်​ဌေးက အထက်ပါအတိုင်း ထည့်သွင်း​ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တပ်မ​တော်ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ဟာ နိုင်ငံ​ရေးပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျ​ရေရာ ​သေချာမှုမရှိတဲ့ ​ပြောကြားချက်​များအ​ပေါ် အ​ခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ​ရွေး​ကောက်ပွဲဖြစ်​​မြောက်​ရေးကို အ​ထောက်အကူမဖြစ်​စေဘဲ စိုးရိမ်စိတ်​တွေ၊ မတည်ငြိမ်မှု​တွေ ဖြစ်​စေ​ရေးကို အား​ပေးရာ​ရောက်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်နဲ့ ​ပေါ်ပြူလာမဂ္ဂဇင်းတို့ ​တွေ့ဆုံ​မေးမြန်းခန်းမှာ ​ပြောကြားချက်​တွေက ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ၊ နိုင်ငံ့ဥပ​ဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး"ဟု ဦး​ဇော်ဌေးက ​ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေတွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံ​ရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထား​ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပ​ဒေတွင်လည်း နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုထားကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်​သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပ​ဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်း မရှိ​စေရဟု ပြဋ္ဌာန်းထား​ကြောင်း ဦး​ဇော်​ဌေးက  ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent