၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၆၀၉ တန်ကျော်ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၄၃၆ တန်ကျော်ဖြင့် အများဆုံးဖြစ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၆၀၉ တန်ကျော်ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၄၃၆ တန်ကျော်ဖြင့် အများဆုံးဖြစ်
မြန်မာနိုင်ငံအထက်ပိုင်းဒေသရှိ သတ္တုလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်းဒေသရှိ သတ္တုလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Published 1 November 2020
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ် လုပ်ကွက်များမှ သတ္တုတန်ချိန် ၆၀၉ တန် ကျော်ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၄၃၆ တန်ကျော်ဖြင့် အများဆုံးဖြစ်ကာ ကယားပြည်နယ်မှ ၁၇၃ တန်ကျော် ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက် ထုတ်လုပ်မှုတွင် ကယားပြည်နယ်၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း  ၁၈ ဒသမ ၂၈၉ တန်၊ နိုဝင်ဘာတွင် ၂၀ ဒသမ ၃၂၀၀ တန်၊ ဒီဇင်ဘာတွင် ၂၁ ဒသမ ၃၃၇၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၂၃ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီတွင် ၂၁ ဒသမ ၃၃၇ တန်နှင့် မတ် တွင် ၁၈ ဒသမ ၂၈၉၀ တန်နှင့် ဇူလိုင်တွင် ၁၅ ဒသမ ၂၄၁၀  တန်၊ သြဂုတ်တွင် ၂၀ ဒသမ ၃၂၁၀ တန်၊ စက်တင်ဘာတွင် ၁၅ ဒသမ၂၄၁၀ တန်ဖြင့် စုစုပေါင်း ၁၇၃ ဒသမ ၇၄၄၀ တန်ထုတ်လုပ်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၉  ခုနှစ် အောက်တိုဘာတွင် ၁၀ တန်၊ နိုဝင်ဘာတွင် ၄၅ ဒသမ ၈၂၂၁တန်၊ ဒီဇင်ဘာတွင် ၃၆ ဒသမ ၁၇၄၀ တန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၃၃ တန်၊ ဖေဖော်ဝါရီတွင် ၄၅ ဒသမ ၇၁၄၀ တန်နှင့် မတ်တွင် ၅၅ တန်နှင့် ဧပြီတွင် ၂၈ တန်နှင့် မေတွင် ၇၅ တန်၊ ဇွန်တွင် ၃၁ တန်နှင့် ဇူလိုင်တွင် ၁၀ ဒသမ ၉၃၉၀ တန်၊ သြဂုတ်တွင် ၁၈ ဒသမ ၀၁၁၀ တန်၊ စက်တင်ဘာတွင် ၄၇ ဒသမ ၆၅၁၀ တန်ဖြင့် စုစုပေါင်း ၄၃၆ တန်ကျော် ထုတ်လုပ်ထားသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၂၈ ဒသမ ၂၈၉၀ တန်၊ နိုဝင်ဘာတွင် ၆၆ ဒသမ ၁၄၂၀ တန်၊ ဒီဇင်ဘာတွင် ၅၇ ဒသမ ၄၁၁၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၅၆ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီတွင် ၆၇ ဒသမ ၁၅၁၀ တန်၊ မတ် တွင် ၇၃ ဒသမ ၂၈၉၀ တန်နှင့် ဧပြီတွင် ၂၈ တန်နှင့် မေတွင် ၇၅ တန်၊ ဇွန်တွင် ၃၁ တန်နှင့် ဇူလိုင်တွင် ၂၆ ဒသမ ၁၈ တန်၊ သြဂုတ်တွင် ၃၈ ဒသမ ၃၃၂၀ တန်၊ စက်တင်ဘာတွင် ၆၂ ဒသမ ၈၉၂၀ တန်ဖြင့် စုစုပေါင်း ၆၀၉ ဒသမ ၉၅၅၀ တန် ထုတ်လုပ်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ၁၀ လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၆၃၅၅ ဒသမ ၃၄ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၄၇၃၂ ဒသမ ၇၃ အထိ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင် အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင် အောင်စ၊ မေတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

Most Read

Most Recent