နှစ်စဉ် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ဧက ၁၈ သန်းနီးပါး စို်က်ပျိုးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း စပါးသီးနှံစိုက်ပျိုးဧက အနည်းဆုံးနှစ်ဖြစ်

နှစ်စဉ် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ဧက ၁၈ သန်းနီးပါး စို်က်ပျိုးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း စပါးသီးနှံစိုက်ပျိုးဧက အနည်းဆုံးနှစ်ဖြစ်
Published 31 October 2020
နီလာ

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့် နွေစပါးစုစုပေါင်းစိုက်ဧက ၁၈ သန်းနီးပါးစိုက်ပျိုးပြီး  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း  စပါးသီးနှံစိုက်ပျိုးဧက အနည်းဆုံးနှစ်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၃၇ သန်း၊ နွေစပါး ၂ ဒသမ ၄၅ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၂ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၄ သန်း၊ နွေစပါး ၂ ဒသမ ၄၆ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၇၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၂ သန်း၊ နွေစပါး ၂ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၀၈ သန်း၊ နွေစပါး ၂ ဒသမ ၇၈ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉၈ သန်း၊ နွေစပါး ၂ ဒသမ ၃၃ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၃၁ သန်း စိုက်ပျိုးထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆည်ရေဖြင့် မိုးစပါးနှင့် နွေစပါး စိုက်ဧက ၂ ဒသမ ၁ သန်းကျော်စိုက်ပျိုးနိုင်ပြီး ယခင်နှစ်ကာလတူထက် ဆည်ရေဖြင့် စိုက်ပျိုးနိုင်မှုဧက တစ်သိန်းကိုးသောင်းကျော် လျော့ကျခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဘဏ္ဍာနှစ်အလိုက် ဆည်ရေဖြင့် မိုးစပါး၊ နွေစပါးစိုက်ပျိုးနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက ၁၁၄၉၀၇၂၊ နွေစပါး စိုက်ဧက ၇၆၃၂၃၉ ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မိုးစပါး စိုက်ဧက ၁၁၈၂၀၂၁၊ နွေစပါးစိုက်ဧကအနေဖြင့် ဧက ၉၀၅၁၇၈ ရှိသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ဧက ၁၂၂၈၈၁၁၊ နွေစပါးစိုက်ဧကအနေဖြင့် ၁၁၂၈၈၁၀ ရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး စိုက်ဧက ၁၁၉၇၂၉၂ ရှိပြီးနွေစပါးစိုက်ဧက ၁၁၂၀၇၁၆ ဧကရှိပြီး စုစုပေါင်းဆည်ရေဖြင့် စိုက်ပျိုးဧက၂၃၁၈၀၀၈ ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက ၁၁၆၃၃၃၈ ရှိပြီး နွေစပါးစိုက်ဧက ၉၅၆၂၂၄ ဧကရှိပြီး စုစုပေါင်းဆည်ရေဖြင့် စိုက်ပျိုးဧက၂၁၁၉၅၆၂ ရှိသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံအများစုတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီအတွင်း စီးဝင်ရေပမာဏမှာ ယခင်နှစ်များ၏ကာလတူ ပမာဏအောက် နည်းပါးလျက်ရှိသည့်အတွက် သိုလှောင်ရေပမာဏမှာလည်း လျော့နည်းကျဆင်းလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent