ချုပ်ကွက်ဖြင့် ပွဲသိမ်းမည်ဟု ဒီရစ်ဒါ၏ပြောကြားမှုအပေါ် မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် တုံ့ပြန်ခဲ့ပြီး ဒီရစ်ဒါ ကလေးဘဝကတည်းက ဂျူဂျစ်ဆုကို မိမိကျွမ်းကျင်စွာကစားနေပြီဟု ဆို

ချုပ်ကွက်ဖြင့် ပွဲသိမ်းမည်ဟု ဒီရစ်ဒါ၏ပြောကြားမှုအပေါ် မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် တုံ့ပြန်ခဲ့ပြီး ဒီရစ်ဒါ ကလေးဘဝကတည်းက ဂျူဂျစ်ဆုကို မိမိကျွမ်းကျင်စွာကစားနေပြီဟု ဆို
Photos: Aung La Nsang Facebook
Photos: Aung La Nsang Facebook
Published 27 October 2020

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က စိန်ခေါ်သူ ဒီရစ်ဒါ၏ ချုပ်ကွက်ဖြင့် အနိုင်ယူမည်ဟု ပြောကြားခဲ့သော ပွဲကြိုပြောစကားအပေါ် တုံ့ပြန်ခဲ့ပြီး ဒီရစ်ဒါ ကလေးဘဝကတည်းက ဂျူဂျစ်ဆုအားကစားနည်းကို မိမိကျွမ်းကျင်စွာ ကစားတတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံသား ဒီရစ်ဒါသည် ONE မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်ထိုးသတ်ခွင့်ရထားပြီး မိမိ၏ကျွမ်းကျင်မှုကြောင့် အောင်လအန်ဆန်ကို ချုပ်ကွက်ဖြင့်အနိုင်ယူသွားရန် ယုံကြည်မှုရှိကြောင်း South China Morning Post နှင့်တွေ့ဆုံခဲ့သောအင်တာဗျူးတွင် ဖြေကြားခဲ့သည်။ 

ဒီရစ်ဒါက ''ကျွန်တော်က အောင်လအန်ဆန်ကို အနိုင်ယူမယ့်သူတစ်ယောက်ပဲ။ အောင်လကို လုံးမယ်။ ဆွဲလှဲမယ်။ ပြီးရင် ချုပ်ကွက်နဲ့ ပွဲသိမ်းမယ်။ နည်းလမ်းက ဒီတစ်နည်းပဲရှိပါတယ်''ဟု ဖြေကြားသည်။

၎င်း၏ပြောကြားမှုအပေါ် အောင်လအန်ဆန်က တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး '' ဒီရစ်ဒါက ကျွန်တော့်ကိုချုပ်နိုင်ဖို့ ယုံကြည်ချက်ရှိရဲ့လားဆိုတာတောင် မသေချာပါဘူး။ စကားအဖြစ် ပြောတယ်လို့ပဲ ခံစားရပါတယ်။ သူတကယ်ချုပ်နိုင်မယ်လို့ ယုံကြည်ပြီးပြောတယ်လို့ မခံစားရပါဘူး။ ကျွန်တော်က သူကလေးဘဝကတည်းက ဂျူဂျစ်ဆုကို ကစားလာခဲ့တာပါ။ သူ့စိတ်ထဲ တကယ်ချုပ်နိုင်ပြီး အနိုင်ရမယ်လို့ မထင်ပါဘူး''ဟု ပြောကြားသည်။ 

အောင်လအန်ဆန်က ဒီရစ်ဒါနှင့်ရင်ဆိုင်ရမည့် စိန်ခေါ်ပွဲတွင် Stand Up Game ကိုသာ နည်းဗျူဟာရွေးချယ်မှု ပြုလုပ်ထားပြီး ဒီရစ်ဒါ၏ ပွဲကြိုပြောစကားများအပေါ် စိုးရိမ်မှုမရှိကြောင်း ဆက်လက်ပြောကြားသည်။  

''ပြိုင်ဘက်က ကျွန်တော့်ကို လျှော့တွက်ထားတယ်လို့တော့ ထင်ပါတယ်။ အချိန်က စကားပြောသွားပါလိမ့်မယ်။ ကျွန်တော်က တစ်ကွက်ကောင်းကစားတဲ့ ဖိုက်တာတစ်ယောက် မဟုတ်ပါဘူး။ Striking၊ Wrestling၊ Grappling  အဘက်ဘက်က တိုးတက်နေပါတယ်။ နေ့စဉ်နေ့တိုင်းမှာ ပိုကောင်းတဲ့ ဖိုက်တာတစ်ယောက်ဖြစ်အောင် အမြဲကြိုးစားနေတာပါ။ သူ့ရဲ့စကားတွေဟာ အခြေအမြစ်မရှိဘဲ ရူးမိုက်တဲ့ စကားတွေပါပဲ။ အင်တာဗျူးတော်တော်များများမှာ သူဟာ အောင်လကို အနိုင်ပိုင်းမယ့် ကစားသမားဖြစ်တယ်ဆိုတာတွေကို ကြားရတယ်။ တစ်ခါတလေမှာ ၁၀ စက္ကန့်နဲ့ အနိုင်ချုပ်မယ်ဆိုတာတွေပါ ပါဝင်ပါတယ်။ အဲဒီတော့ ဒီရစ်ဒါကိုယ်တိုင် အဲဒီလိုလုပ်နိုင်မယ်လို့ ယုံကြည်နေတယ်လို့တော့ ကျွန်တော်က မထင်ဘူး။ သူ ကျွန်တော့်ကိုချုပ်ဖို့ ကြိုးစားတဲ့အချိန်မှာ အောင်လအန်ဆန်ဟာ သူကြုံဖူးတဲ့ ကစားသမားမဟုတ်ဘူးဆိုတာ သိပါလိမ့်မယ်''ဟု ၎င်းက ဆိုသည်။ 

Most Read

Most Recent