စီးရီးအေပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
Photo: EPA
Photo: EPA
Published 24 October 2020

အတ္တလန်တာ - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၇:၃၀ နာရီ)

အတ္တလန်တာက ချန်ပီယံလိဂ်ကို ပိုပြီးအာရုံစိုက်နေပုံပဲ။ ဒါပေမဲ့ နာပိုလီကို ဂိုးပြတ်အရေးနိမ့်ထားလို့ ဒီပွဲမှာ သိက္ခာပြန်ဆယ်ပါလိမ့်မယ်။ ဆမ်ဒိုးရီးယားက နောက်ဆုံးပွဲမှာ လာဇီယိုကို ဂိုးပြတ်အနိုင်ရထားပြီး နည်းပြ ရာနီရေးရီရဲ့ အသင်းက ဖျော်ဖြေမှုဆန်ဆန် ကစားပြနေတယ်။ တောင်ပံတိုက်စစ်ကစားပုံကောင်းမွန်ပြီး ကွာဂလီရယ်လာလည်းဂိုးတွေသွင်းနေဆဲဖြစ်လို့ အတ္တလန်တာ သတိထားရမယ်။ အတ္တလန်တာနဲ့ ဂိုးအများဖြစ်မယ်။

ဂျီနိုအာ - အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၁၀:၃၀ နာရီ)

အင်တာမီလန်ရဲ့ တိုက်စစ်ကစားပုံက စိတ်မချရပါဘူး။ ကွင်းလယ်မှာ ဖန်တီးနိုင်စွမ်းမြင့်မားသူမရှိသလို အဲရစ်ဆင်ကလည်း ပုံမှန်ပွဲထွက်ခွင့်မရဘဲ ရုန်းကန်နေရဆဲပါပဲ။ ဖြတ်တင်ဘောတွေကိုသာ အဓိကအားပြုနေရပြီး ရိုးရှင်းလွန်းပါတယ်။ ဂျီနိုအာက ကစားသမားတချို့ ကိုရိုနာဗိုင်းရပ်စ်အရိပ်အောက်ကနေ ရုန်းထွက်လာနိုင်ပြီး နောက်ဆုံးပွဲမှာ ဗီရိုနာကို သရေခံကစား ထားတယ်။ ဒီပွဲမှာတော့ အင်တာမီလန်ကို အရှုံးပေးရပါမယ်။

လာဇီယို - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ ရက်၊ နံနက် ၁:၁၅ နာရီ)

လာဇီယိုရဲ့ ခြေစွမ်းကမှန်းဆရခက်နေဆဲပဲ။ Energetic  ဖြစ်တဲ့ကစားဟန်ကိုပွဲတိုင်းမပြသနိုင်သေးဘူး။ ဒေါ့မွန်နဲ့ပွဲတုန်းကလို တိုက်ပွဲဝင်စိတ်ဓာတ်မျိုး ဆက်လက်ပိုင်ဆိုင်ထားရင် ဖရိုဖရဲဖြစ်နေတဲ့ ဘိုလော့ဂ်နာကို အသာစီးမရစရာအကြောင်း မရှိပါဘူး။ နောက်ပိုင်းနှစ်တွေမှာ လာဇီယိုနဲ့ဆုံတွေ့တိုင်း ရလဒ်ကောင်းလေ့ရှိပေမဲ့ ဒီတစ်ကြိမ်တော့ ဘိုလော့ဂ်နာ အရှုံးပေးရပါလိမ့်မယ်။

Most Read

Most Recent