လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကူလီဘလီအား ခေါ်ယူရန် လီဗာပူးလ် စီစဉ်

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကူလီဘလီအား ခေါ်ယူရန် လီဗာပူးလ် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 23 October 2020

လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် နာပိုလီနောက်ခံလူ ကူလီဘလီအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် အသင်း၏အဓိနောက်ခံလူ ဗန်ဒိုက်အား တစ်ရာသီလုံး အနားပေးရဖွယ်ရှိနေရာ ၎င်းနေရာတွင် အစားထိုးရန် ကူလီဘလီကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

အီတလီအားကစားသတင်းထောက် ဖာဘီယိုဆန်တီနီက လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကူလီဘလီအား ယူရို (၇၅)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

၎င်းက "ကူလီဘလီနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ သတင်းရှိပါတယ်။ ဆီနီဂေါနောက်ခံလူ ကူလီဘလီကို မန်ယူ၊ မန်စီးတီးတို့ အပါအဝင် PSG အသင်းကလည်း လိုချင်နေပါတယ်။ ဒါပေမဲ့ အဲဒီအသင်းတွေထက် ပိုပြီး ကူလီဘလီကို လိုချင်နေတဲ့အသင်းက လီဗာပူးလ် ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကူလီဘလီကို နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ် အလိုရှိနေတဲ့ ယူရို(၇၅)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် ကူလီဘလီအား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားခဲ့ပြီး ယခုအခါ ဗန်ဒိုက်ကို ရာသီကုန်အထိ ဆုံးရှုံးရဖွယ်ရှိသည့်အတွက် ၎င်းနေရာတွင် အစားထိုးရန် ကမ္ဘာ့အဆင့် နောက်ခံလူတစ်ဦး အလိုရှိနေခြင်းဖြစ်သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ဆီနီဂေါနောက်ခံလူ ကူလီဘလီသည် နာပိုလီအသင်းအတွက် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၄၉)ပွဲ ကစားထားပြီး (၁၀)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent