ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်လူစာရင်းတို့မှ ချန်လှပ်ခံခဲ့ရခြင်းသည် အာဆင်နယ်၏ တရုတ်ဈေးကွက်စီးပွားရေးဗျူဟာကြောင့်ဟု အိုဇေးလ် ဆို

ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်လူစာရင်းတို့မှ ချန်လှပ်ခံခဲ့ရခြင်းသည် အာဆင်နယ်၏ တရုတ်ဈေးကွက်စီးပွားရေးဗျူဟာကြောင့်ဟု အိုဇေးလ် ဆို
Photo: Getty Images
Photo: Getty Images
Published 23 October 2020

အာဆင်နယ်အသင်း၏ ကွင်းလယ်လူ အိုဇေးလ်က ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့၏ လူစာရင်းတို့မှ ချန်လှပ်ခံခဲ့ရခြင်းသည် အာဆင်နယ်အသင်း၏ တရုတ်ဈေးကွက် စီးပွားရေးဗျူဟာကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက တရုတ်အစိုးရက ဝီဂါမူဆလင်များအပေါ် ပြင်းထန်သည့် ကိုင်တွယ်မှုများပြုလုပ်ခဲ့ခြင်းအပေါ် Instagram မှတစ်ဆင့် ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့သူဖြစ်သည်။

အိုဇေးလ်၏ ပြစ်တင်ဝေဖန်မှုသည် တရုတ်ဈေးကွက်ကို ပစ်မှတ်ထားထိုးဖောက်နေသည့်  အာဆင်နယ်အသင်း၏ စီးပွားရေးဆိုင်ရာ ခြေလှမ်းများကို အဟန့်အတားဖြစ်စေခဲ့ပြီး ယခုအချိန်အထိ ယင်းအကျိုးဆက်ကို ခံစားနေရဆဲ ဖြစ်သည်ဟုလည်း သိရှိရသည်။

အိုဇေးလ်သည် ယင်းကိစ္စအပြီး ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်များ တစ်ကျော့ပြန်လည်စတင်ချိန်တွင် ကစားခွင့်မရခဲ့သလို၊ ယခုရာသီတွင်လည်း ယူရိုပါလိဂ်နှင့် ပရီးမီးယားလိဂ်လူစာရင်းတို့မှ ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

အိုဇေးလ်သည် ၂၀၁၈ ခုနှစ်က  ထိပ်တန်းကလပ်အသင်းများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည့်ကြားမှ အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကိုလက်ခံကာ အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့သူဖြစ်ပြီး၊ ယခုအချိန်တွင်မူ အာဆင်နယ်အသင်း၏ ပစ်ပယ်ခြင်းကိုခံနေရသူလည်းဖြစ်သည်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကမူ "ကျွန်တော့်ဘက်အခြမ်းကပြောနိုင်တာကတော့ ဒါဟာ ဘောလုံးနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ပါ။ သူ့ကိုမျှမျှတတပဲ ဆက်ဆံခဲ့တယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent