ရှက်တာဒိုးနက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲကို တစ်နာရီခန့်ကြာအောင် ဇီဒန်းဖြေဆိုခဲ့ပြီး မိမိ၏အမှားဟု ဝန်ခံ

ရှက်တာဒိုးနက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲကို တစ်နာရီခန့်ကြာအောင် ဇီဒန်းဖြေဆိုခဲ့ပြီး မိမိ၏အမှားဟု ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 22 October 2020

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဇီဒန်းသည် ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲကို တစ်နာရီခန့် ကြာအောင် ပြုလုပ်ခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းမှာ သူ၏ အမှားများကြောင့်ဖြစ်သည်ဟုလည်း ဝန်ခံသွားခဲ့သည်။

ရှက်တာဒိုးနက်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အဓိက ကစားသမားအများအပြား ပါဝင်လာခြင်းမရှိသည့်တိုင် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် (၃)ဂိုးပြတ်ဖြင့် ဦးဆောင်ကာ ပွဲအပြီးတွင် (၂-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဇီဒန်းက "ကျွန်တော် ဒီအရှုံးကနေ အဖြေရှာသွားမှာဖြစ်ပြီး ဒါက ကျွန်တော်တို့ကို နိုင်ပွဲတွေအတွက် ပိုမိုသန်မာလာစေပါလိမ့်မယ်။ ဒီပွဲမှာ ကျွန်တော်တို့ကစားပုံက ပြိုင်ပွဲရဲ့အဆင့်အတန်းမှာ ရှိမနေခဲ့ပါဘူး။ ကျွန်တော်တို့အခု စုစည်းမှုပိုရှိလာပြီး လာမဲ့ပွဲမှာ ပိုကောင်းလာပါလိမ့်မယ်။ ဒီပွဲမှာ ကျွန်တော်တို့အသင်းက အစစအရာရာ အားနည်းနေခဲ့ပါတယ်။ ဒါပေမဲ့ အားနည်းခဲ့တာတွေထဲမှာအရေး အကြီးဆုံးကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှုပျောက်ဆုံးခဲ့လို့ ရှုံးပွဲတွေ့ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

ဇီဒန်းက ယင်းပွဲတွင် နည်းဗျူဟာပိုင်းဆိုင်ရာ အမှားများအပြင် ကစားသမား အသုံးပြုသည့် အပိုင်းတွင်လည်းအားနည်းချက်များရှိခဲ့သည်ဟု ဆိုခဲ့ပြီး ယင်းအားနည်းမှုများအတွက် မိမိတွင်သာ တာဝန်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent