အေဂျက်စ်ရဲ့လက်ဆောင်ဂိုးနဲ့ နိုင်ပွဲရခဲ့တဲ့ လီဗာပူးလ်

အေဂျက်စ်ရဲ့လက်ဆောင်ဂိုးနဲ့ နိုင်ပွဲရခဲ့တဲ့ လီဗာပူးလ်
Published 22 October 2020

အေဂျက်စ် ၀-၁ လီဗာပူးလ်

လီဗာပူးလ်အသင်းအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အေဂျက်စ်ဟာ သရေလောက်တော့ ရခဲ့သင့်တဲ့ပွဲပါ။

လီဗာပူးလ်က ပထမပိုင်းမှာ (၁-၀) အသာနဲ့ ဦးဆောင်နိုင်ခဲ့တာ ကံကောင်းပြီး အေဂျက်စ်ရဲ့ထိုးဖောက်မှုတွေက ပိုမိုအားကောင်းတာ တွေ့ခဲ့ရတယ်။

လီဗာပူးလ်အသင်းရခဲ့တဲ့ ဂိုးကတော့ မာနေရဲ့တစ်ကိုယ်တော်ရုန်းအားကြောင့် ရခဲ့တာဖြစ်ပြီး ကျန်ပွဲချိန်တွေမှာ လီဗာပူးလ်တို့ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်မှုအပိုင်းမှာ အားနည်းခဲ့တယ်။

ဖာဘင်ညို ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့တာ၊ တာဒစ်ရဲ့အပိုင်အခွင့်အရေးတွေက အေဂျက်စ်ကို ချေပဂိုးရခဲ့သင့်တဲ့ အနေအထားတွေဖြစ်တယ်။

လီဗာပူးလ်က ပွဲကို စိုးမိုးခဲ့ပေမဲ့ အေဂျက်စ်ရဲ့တန်ပြန်တိုက်စစ်တွေက ပိုပြီးကြောက်စရာကောင်းခဲ့တယ်။

ဒုတိယပိုင်းမှာ ပွဲအခြေအနေက နည်းနည်းလေး ပြောင်းသွားတယ်။

အေဂျက်စ်က ဘောလုံးကို ပိုကိုင်လာနိုင်ပြီး လီဗာပူးလ်က တန်ပြန်တိုက်စစ်အနေအထား ဖြစ်သွားတယ်။

လီဗာပူးလ်က ဒီအနေအထားမှာ အခွင့်အရေးတွေ ပြန်ရလာခဲ့ခြင်းဖြစ်တယ်။

ပွဲပြီးခါနီးမိနစ်တွေမှာ လီဗာပူးလ်ကစားပုံ ပိုကောင်းလာခဲ့ပြီး မီနာမီနိုလည်း ဂိုးရခဲ့သင့်ပါတယ်။

ဒါပေမဲ့ အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် လီဗာပူးလ် ဂိုးထပ်မရခဲ့ပါဘူး။

လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပထမပိုင်း (၃၅)မိနစ်မှာ မာနေရဲ့ထိုးဖောက်မှုကနေ အေဂျက်စ်အသင်းရဲ့အာဂျင်တီးနားနောက်ခံလူ တာလီယာဖီကိုက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပြီး ဒီတစ်ဂိုးတည်းနဲ့ပဲ ပွဲပြီးဆုံး သွားခဲ့ပါတယ်။

 

Most Read

Most Recent