သီယာဂိုကို ဖျက်ထုတ်ခဲ့သည့် လုပ်ရပ်အတွက်  ရစ်ချာလီဆန် ပြန်တောင်းပန် 

သီယာဂိုကို ဖျက်ထုတ်ခဲ့သည့် လုပ်ရပ်အတွက်  ရစ်ချာလီဆန် ပြန်တောင်းပန် 
Published 19 October 2020

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်က လီဗာပူးလ်ကွင်းလယ်လူ သီယာဂိုကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့်လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရှိရသည်။ 

မာဆေးဆိုက်ဒ်ဒါဘီ ပွဲချိန် (၈၇)မိနစ်တွင် ယင်းကျူးလွန်မှုအတွက် တိုက်ရိုက်အနီကတ်ပြခံခဲ့ရသည့် ရစ်ချာလီဆန်က သူ၏ ကိိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် စာရေးသားကာ တောင်းပန်ခဲ့ခြင်းဖြစ်သည်။ 

''ကျွန်တော့်ရဲ့ ကစားသမားဘဝနောက်ကြောင်းကို လူတိုင်းသိပါတယ်။ ကျွန်တော်ဟာ ဆိုးရွားတဲ့ကစားသမားတစ်ဦး မဟုတ်ပါဘူး။ ဒါပေမဲ့ သီယာဂိုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်ခဲ့တယ်ဆိုတဲ့ အငြင်းပွားမှုတွေမှာ ကျွန်တော် ပါဝင်နေမှာမဟုတ်ပါဘူး''ဟု ရစ်ချာလီဆန်က ရေးသားခဲ့သည်။

ရစ်ချာလီဆန်သည် Twitter တွင် မာဆေးဆိုက်ဒ်ဒါဘီပွဲအပြီး သီယာဂိုကိုဖျက်ထုတ်နေသည်ကို စဉ်းစားတွေးတော့သည့် Emoji ဖြင့် တင်ရှိခဲ့သဖြင့် လီဗာပူးလ်ပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုကိုလည်း ခံခဲ့ရသည်။

နောက်ပိုင်းတွင် ၎င်းမှာ ယင်း Post ကို ပြန်ဖျက်သွားခဲ့ပြီး သူ၏ဝက်ဘ်ဆိုက်မှတစ်ဆင့် တောင်းပန်ခဲ့ခြင်းဖြစ်သည်။

ရစ်ချာလီဆန်အနေဖြင့် တိုက်ရိုက်အနီကတ်ပြသခံရမှုကြောင့် ဆောက်သမ်တန်၊ နယူးကာဆယ်၊ မန်ယူအသင်းများနှင့်ကစားမည့်ပွဲများကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent