မယုံနိုင်စရာကောင်းလောက်တဲ့ လန်ဒန်ဒါဘီသရေပွဲ

မယုံနိုင်စရာကောင်းလောက်တဲ့ လန်ဒန်ဒါဘီသရေပွဲ
Published 19 October 2020

စပါး ၃-၃ ဝက်စ်ဟမ်း

အသက်ရှူမှားလောက်တဲ့ ပွဲပါပဲ။ စပါးက ပွဲ အစ (၁၀)မိနစ်အတွင်း (၂)ဂိုးသွင်းပြီး၊ (၁၀)မိနစ် ကျော်သွားတော့ တစ်ဂိုးထပ်သွင်းတယ်။ ဒီပွဲကတော့ စောစောစီးစီးအဖြေထွက်သွားပြီလို့ ယူဆစရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းက မိနစ် (၉၀) ရဲ့  နောက်ဆုံး (၁၀)မိနစ်အတွင်းမှာ (၂)ဂိုး ပြန်သွင်းတယ်။ (၁၀)မိနစ်ကျော်သွားတဲ့အချိန်မှာ (၁)ဂိုးထပ်သွင်းပြီး သရေတစ်မှတ်ယူသွားတယ်။ မော်ရင်ဟိုအတွက် (၂)မှတ် လွှင့်ပစ်လိုက်ရပြီး မွိုက်စ်ကတော့ ဘယ်လိုမှ မထင်မှတ်ထားတဲ့ တစ်မှတ်ကို ရလိုက်တယ်။ 

မော်ရင်ဟိုက ဆွန်ဟောင်မင်ကို ထုတ်လိုက်တာလည်း လက်ခံလို့ရတယ်။ ဂါရတ်ဘေးလ်၊ လူးကပ်စ်မော်ရာတို့ကို ထည့်လိုက်တာလည်း လက်ခံလို့ရတယ်။ ယူရိုပါလိဂ်ကစားမယ့် အသင်းတစ်သင်းအနေနဲ့ (၃-၀) နဲ့ ဦးဆောင်နေချိန်မှာ ဒါမျိုးလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ စပါးခံစစ်က နည်းနည်းယိုင်လာပြီး၊ ဒီလိုအနေအထားမျိုးမှာ နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုခု မလုပ်ခဲ့တာတော့ နည်းနည်းအပြစ်တင်ချင်တယ်။ ဒါပေမဲ့လည်း ရှုံးနေတဲ့ ဝက်စ်ဟမ်းက ဖိအားပေးဖို့ကြိုးစားပြီး နိုင်နေတဲ့ စပါးက ပွဲကို ထိန်းကစားတယ်ဆိုတာလည်း အမှားကြီးတော့ မဟုတ်ပါဘူး။ ဖြစ်ချင်လို့ကို ဖြစ်သွားတာ၊ သရေကျချင်လို့ကို ကျသွားတာလို့ပဲ ပြောရမလိုပဲ။ 

စပါးအသင်းအတွက် ဂိုး (၃)ဂိုးကို (၁)မိနစ်မပြည့်ခင် ဆွန်ဟောင်မင်၊ (၈)မိနစ်၊ (၁၆) မိနစ်တွေမှာ ဟာရီကိန်းက သွင်းယူခဲ့ပြီး၊ ဒုတိယပိုင်းမှာ ပွဲ Tempo ပြောင်းသွားတယ်။ (၈၂)မိနစ်မှာ ဘယ်ဘွေနာက ဝက်စ်ဟမ်းအတွက် ဂိုး စသွင်းတယ်။ (၈၅)မိနစ်မှာ ဒါဗင်ဆန်ဆန်းချက်ဇ်က Own Goal သွင်းခဲ့ပြီး နောက်ဆုံးစက္ကန့်မှာတော့ လန်ဇီနီက အလှပဆုံးကန်ချက်နဲ့ ချေပဂိုးသွင်းသွားခဲ့တယ်။

Most Read

Most Recent